တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ်။
နေပြည်တော် ၁၁-၅-၂ဝ၁၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ် ကြီးနှင့်အတူ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဌာနအကြီးအကဲ Mr. Thieny Umbehr နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ဆွစ်ဇာလန်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်-မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment