www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 21, 2018

ဝံသာနုရက္ခိတ တရားဆိုသည်မှာ “မိမိနိုင်ငံနှင့် လူမျိုးကိုအစဉ် စောင့်ရှောက်ခြင်း”ဟု အဓိပ္ပါယ်ရပြီး ၎င်း စိတ်ဓာတ်များ အမြဲကိန်းအောင်း ရှင်သန်နေမှ အမျိုးသားရေး ကိုယ်ခံစွမ်းအား ပြည့်ဝနေမည်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတွင် အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရေကြောင်းလူငယ် မောင်မယ်များက ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်။

လေကြောင်းလူငယ်သင်တန်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရေကြောင်းလူငယ်မောင်မယ်များနှင့် လေကြောင်းလူငယ် မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် လက်နက်များကို 
ကြည့်ရှုလေ့လာစဉ်။

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ လေသူရဲများ၏ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုလေ့လာစဉ်။

ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ တပ်မတော် (ရေ) မှထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များကို ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၂၁-၅-၂ဝ၁၈

ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်နိုင်ငံမဆို နိုင်ငံတစ်ခုအဖြစ် တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရန် အဆိုပါနိုင်ငံ၌ နေထိုင်သည့် နိုင်ငံသားအားလုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် အပေါ်တွင်မူတည် နေကြောင်း၊ ထိုစိတ်ဓာတ်ကို အမျိုးသားရေး စိတ်ဓာတ်ဟုခေါ်ဆို နိုင်သကဲ့သို့ဝံသာ နုရက္ခိတတရားဟု မိမိတို့မြန်မာများက ရှေးအစဉ်အဆက် ကတည်းက သုံးစွဲခဲ့ကြကြောင်း၊ ၀ံသာနုရက္ခိတတရားကိုမြန်မာ့အဘိဓာန်တွင် “မိမိနိုင်ငံနှင့်လူမျိုးကို အစဉ် စောင့်ရှောက်ခြင်း” ဟုအဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း၊ ယနေ့အမျိုးသားနိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲ နေသည့် အမျိုးသားအကျိုးစီးပွား (National Interest) ဆိုသည် မှာလည်းထိုစကားလုံးများမှ တစ်ဆင့် အခြေခံလာခြင်းဖြစ်ကြောင်း၊ ထိုစိတ်ဓာတ်များကို မောင်မယ်တို့ရင်ထဲတွင် အမြဲကိန်းအောင်းရှင်သန်နေအောင် ဆောင်ရွက်နေမှသာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၏ အမျိုးသားရေးကိုယ်ခံစွမ်းအား အမြဲပြည့်ဝနေမည် ဖြစ် ကြောင်း၊ မျိုးချစ်စိတ်နှင့် ၀ံသာနုရက္ခိတစိတ်ဓာတ်ပျက်ပြား လျော့နည်းစေမည့် လုပ်ရပ်မှန်သမျှကို မောင်မယ်တို့ အနေဖြင့် အသိတရားဖြင့်ကာကွယ်သွားမှသာ မိမိတို့နိုင်ငံ၏အမျိုးသားရေးကိုယ်ခံစွမ်းအား မြင့်တက် နေမည်ဖြစ်ပြီး ကမ္ဘာတည်သရွေ့ မြန်မာဆိုသည်မှာ တည်တံ့ခိုင်မြဲနေမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်သော ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်း အနားတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီး များနှင့်ဇနီးများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသားကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူ၊ နည်းပြများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက် မြတ်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး” တို့အတွက် ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် လေကြောင်း လူငယ်အခြေခံသင်တန်းတို့အား ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်၍ တန်းမြင့်သင်တန်းများကိုပါ ဆက်လက်ဖွင့်လှစ်ပေးခဲ့ရာမှ မောင်မယ် တို့လိုလူငယ်လူရွယ်များတစ်နှစ်ထက်တစ်နှစ် ပိုမိုစိတ်ပါဝင်စားစွာ တက်ရောက်လာကြသည်ကိုတွေ့ ရှိရ ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံ၏ လူငယ်လူရွယ်များသည် နိုင်ငံတော်ကာကွယ် ရေးလုပ်ငန်းများမှာ စိတ်ပါ ၀င်စားကြသူများဖြစ်ပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ထက်သန် သူများဖြစ်သည်ကိုတွေ့ရှိရကြောင်း ပြောကြား သည်။

ထို့နောက် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် အဆိုအမိန့်အတိုင်း တစ်နေ့တစ်ချိန်တွင် မောင်မယ် တို့သည် လူကြီးနေရာကိုရောက်ရှိ လာကြမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ်တို့ အနေဖြင့် လူသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် ကာယနှင့်ဉာဏ ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝထက်မြတ်သည့် လူသားများအဖြစ် အရွယ်ရောက်လာကြရန် လိုကြောင်း၊ သို့မှသာမောင်မယ်တို့အနေနှင့် နိုင်ငံ့တာဝန် အရပ်ရပ်ကိုလွှဲပြောင်းရယူချိန်မှာ မိမိတို့ကျရာတာဝန်အသီးသီးကို ကျေပွန်အောင်မြင် အောင်ထမ်းရွက်နိုင်ကြ မည်ဖြစ်ကြောင်း၊ အမိနိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်ကြချိန်တွင် ကျေပွန်အောင်မြင်အောင် ထမ်းဆောင်နိုင်သည့် စွမ်းရည်ပြည့်ဝရန်အတွက် အဓိကလိုအပ်သည့်အရာများမှာ ဗလငါးတန်ပင်ဖြစ်ကြောင်း၊ ဗလငါးတန် ဆိုသည်မှာ ကာယဗလဟုခေါ်သည့် ကျန်းမာကြံ့ခိုင်မှုစွမ်အား၊ ဉာဏဗလဟုခေါ်သည့် အသဉာဏ်စွမ်းအား၊ မိတ္တဗလဟုခေါ်သည့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ် မှုစွမ်းအား၊ စာရိတ္တ ဗလဆိုသည့်ကိုယ်ကျင့်တရား ကောင်းမွန်မှုစွမ်းအား များပြည့်စုံနေကြ မည်ဆိုလျင် ဘောဂဗလဆိုသည့် ဥစ္စာ ပစ္စည်းဆိုသည်မှာ ပြည့်စုံလာမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးတာဝန်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ခေတ် အဆက်ဆက်တာဝန်ကျေပွန်ခဲ့သည့် မြန်မာ့တပ်မတော်ကို မောင်မယ်တို့လို မျိုးချစ်စိတ်ရှိသည့် လူငယ် လူရွယ် ရဲဘော်သုံးကျိပ်နှင့်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် အနာဂတ်မျိုးဆက် သစ်လူငယ်များကို နိုင်ငံတော်ကာကွယ်လိုစိတ်၊ မျိုးချစ်စိတ်နှင့် ခေတ်မီတိုးတက်သည့် ခေတ်အမြင်၊ ခေတ် အတွေးများရရှိစေရေး ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်း၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ မောင်မယ်တို့ဟာ ယခုကဲ့သို့သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့သူများဖြစ်သဖြင့် နိုင်ငံ့အရေး၊ အမျိုးသားအရေးကို စိတ်ဝင်စားပြီး မျိုးချစ်စိတ်ထက် သန်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ယင်းနောက်ယနေ့အချိန်သည် မိမိတို့နိုင်ငံ၏လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာရန်၊ လူသားစွမ်းဆောင် ရည်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်သည်အထိ ထက်မြတ်မြင့်မားလာရန်အတွက် ပညာရေးကို ပင် မ ရေသောက်မြစ်ကဲ့သို့မှတ်ယူကာ အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံ တော်က ပညာရေးနှင့်ကျန်းမာရေးကဏ္ဍပိုင်းများမှာ နိုင်ငံ့ဘဏ္ဍာငွေပိုမိုသုံးစွဲပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်တစ်ရပ်အဖြစ် ကမ္ဘာ့နိုင်ငံများအလယ်တွင် ထည်ထည်ဝါ၀ါရပ်တည်လာနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မျက်မှောက်ကာလမှာ နိုင်ငံတော်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို တိုက်ရိုက် အထောက်အကူပြုပေးသည့် ပညာရေးအဆင့် အတန်းတစ်ရပ်စဉ်ဆက်မပြတ်ဖြစ်ထွန်းနေမှသာ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် ရည်မှန်းချက် ဖြစ်ထွန်းအောင်မြင်လာ မည်ဖြစ်ကြောင်း၊ ယနေ့လူငယ်လူရွယ်အားလုံးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည့် မောင်မယ်တို့သည် မိမိတို့နိုင်ငံ၏အနာဂတ်ရည်မှန်းချက်များအောင်မြင်ရေးအတွက် အဓိကအကျဆုံးလူသားစွမ်းအား အရင်းအမြစ် များဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ် တို့သည်ပညာကိုမြတ်နိုးလိုလားစိတ်ထက်ထက်သန်သန်ဖြင့် မိမိတို့ ဘ၀၏ တန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိရှိအသုံးချ သွားကြရန်လိုအပ်ကြောင်း မှာကြားသည်။

၎င်းနောက်တပ်မတော် အနေဖြင့်လည်း တပ်မတော်အခြေခံ ပညာအထက်တန်း ကျောင်းများ၊ တပ်မတော် ပညာရေးကျောင်းများ၊ တပ်တွင်းကျောင်းများတွင် နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက်ဖြစ်သည့် “စဉ်ဆက် မပြတ်တိုးတက် ဖြစ်ထွန်းနေသည့် ပညာရေး အဆင့်အတန်းတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေး” ရည်မှန်း ချက်အောင်မြင်စေရန် အလေးအနက် ထားလိုက်ပါဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တော်ကိုခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရာမှာ အဓိကကျောရိုး သဖွယ် ဖြစ်သည့် ပညာရေးရည်မှန်းချက် အောင်မြင်ဖြစ်ထွန်း စေရေးအတွက် တပ်မတော်အနေဖြင့်လည်း လက်လှမ်း မီရာကဏ္ဍမှ အင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းသား ၁၉၇၀ ဦးနှင့် လေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့် သင်တန်းသား ၂၁၉၆ ဦးတို့ကို ဇေယျာသီရိဗိမာန်သို့ဖိတ်ခေါ်ပြီး ယခုကဲ့သို့ဂုဏ်ပြုတွေ့ဆုံခဲ့ကြောင်း၊ ထို့အပြင် တပ်မတော်ပိုင်းဆိုင်ရာဗဟုသုတများရရှိစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် (Standard Army) ကြိုးပမ်းတည်ဆောက်ခဲ့ရမှုများကို လက်တွေ့ကျကျ သိမြင်နိုင်စေရန် တပ်မတော် စစ်သမိုင်းပြတိုက်ကိုလေ့လာစေပြီး အနာဂတ်နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်မောင်မယ်တို့၏ အသိ အမြင်ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အတွက်တစ်တပ်တစ်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အနာဂတ်ဆိုသည်မှာ မောင်မယ်တို့၏စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြ သရမည့် ဘ၀စင်မြင့်ဖြစ်ကြောင်း၊ ထို့ကြောင့်မောင်မယ်တို့အနေဖြင့် အဆိုးမြင်ဝါဒီသမားများ၊ သွေးထိုးလှုံ့ဆော်မှု ပြုတက်သည့် အဖျက်သမားများ၏ ဆိုးသွမ်းညစ်နွမ်းသည့် သွေးထိုးလှုံ့ဆော်မှုများစိုးမိုးမခံရအောင် မောင်မယ် တို့ကိုယ်တိုင်က အသိ၊ သတိ၊ ဉာဏ်ပညာ ဆင်ခြင်တုံတရားဖြင့်မျိုးချစ်စိတ်ဓာတ်လက်ကိုင်ထားပြီး အမိနိုင်ငံ တော်နှင့် ပြည်သူလူထုကအားကိုးတန်ဖိုးထားရသည့်သူများဖြစ်အောင် ကိုယ့်အားကိုယ်ကိုးထိန်းကျောင်း နိုင်ရ မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကဲ့သို့ ဘ၀ကိုနစ်မွန်းပျက်စီးစေမည့်အရာများနှင့် ပတ်သက်ခြင်းမရှိကြရန် လည်း ထိန်းကျောင်းနေထိုင်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူမျိုးတိုင်းနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုဆိုသည့် လွတ်လပ် ရေးကိုကာကွယ်ကြရာမှာဖြစ်စေ၊ အင်အားကြီးနိုင်ငံတစ်နိုင်ငံ က နိုင်ငံတစ်နိုင်ငံအပေါ်မှာ လွှမ်းမိုးခြယ်လှယ်မှုပြုလုပ်ကြရာမှာဖြစ်စေ၊ စိတ်ဓာတ်စစ်ဆင်ရေးဆိုသည့် မီဒီယာ လက်နက်ကိုကျင့်သုံးကြသည်ကို မောင်မယ်တို့လည်းသိမြင်ထားကြရန်လိုကြောင်း၊ စိတ်ဓာတ်ခံစားမှုမှာ ဒဏ်ရာအနာတရဖြစ်စေနိုင်သည့် ၀ါဒဖြန့်လက်နက်ကိုနည်းလမ်း အသွယ်သွယ်ဖြင့် သွေးထိုးသပ်လျှို တက်ကြ သည်ကိုအားလုံးသိမြင်ထားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် အမျိုးသားရေးကိုယ်ခံစွမ်းအားကို ယိုင်နဲ့ကျဆင်းစေမည့် အတွေးအခေါ်၊ အပြုအမူများကို မောင်မယ်တို့အနေဖြင့် အမျိုးသားရေးသတိ၊ အမျိုးသားရေးအသိဖြင့်သိရှိနားလည်ပြီး မှန်ကန်သည့် ရဲစွမ်း သတ္တိဖြင့်ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်နှင့်ယှဉ်တွဲနေရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်နှင့်လူမျိုးကိုထိလျှင်မခံချင်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ ကာကွယ်လိုစိတ်များနှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံအလံများကိုကိုင်ဆောင်အားပေးခြင်းများ၊ ပုံဖော်အားပေးခြင်းများ၊ နိုင်ငံတ်ာသီချင်းများ သီဆိုအား ပေးခြင်းများနှင့် ပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိသည့်အခါ နိုင်ငံတော်အလံကိုဂုဏ်ယူဝံ့ကြွားစွာ အလေးပြုခြင်း များသည် မျိုးချစ်စိတ်ကိုအခြေခံသည့် လုပ်ဆောင်ချက်များ၊ အလေ့အထများဖြစ်ပြီး ထိုစိတ်ဓာတ်များ မပျောက်ပျက်အောင် ထိန်သိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မျိုးချစ်စိတ်နှင့် ၀ံသာနုရက္ခိတစိတ်ဓာတ် ပျက်ပြားလျော့နည်းစေမည့် လုပ်ရပ်မှန်သမျှကို မောင်မယ်တို့အနေဖြင့်အသိတရားဖြင့် ကာကွယ်သွားမှသာ မိမိတို့နိုင်ငံ၏ အမျိုးသားရေး ကိုယ်ခံစွမ်းအား မြင့်တက်နေမည် ဖြစ်ပြီးကမ္ဘာတည်သရွေ့ မြန်မာဆိုသည်မှာ တည်တံ့ခိုင်မြဲနေမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ယန့ကမ္ဘာ့နိုင်ငံအသီသီးသည် လူငယ်လူရွယ်များကို ပြုစုပျိုးထောင် ပေးရာတွင် အနာဂတ် နိုင်ငံတော်အတွက် တွေ့ကြုံလာနိုင်သည့်စိန်ခေါ်မှုအရပ်အရပ်ကို ဖြေရှင်းအောင်မြင်မည့် လူသားစွမ်းရည်ထက် မြက်ပြည့်ဝသူများအဖြစ် ပြုစုပျိုးထောင် ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံအနေဖြင့်လည်း မောင်မယ်တို့လို အမျိုးသားရေးစိတ်ဓာတ် အခြေခံကောင်းများရှိသည့် ဘက်စုံထူးချွန် မောင်မယ်များ စဉ်ဆက် မပြတ်မွေးထုတ်နိုင်ရေးကို အမျိုးသားရေး ကဏ္ဍတစ်ရပ်အဖြစ် ဦးစားပေးတည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မောင်မယ်တို့လိုအနာဂတ်မှာ တိုင်းပြည်တာဝန် ယူကြရမည့်လူငယ်များ၏ လက်ထဲသို့ နိုင်ငံ့ တာဝန်များလွှဲပြောင်း ပေးကြရသည့်အခါ အနာဂတ်နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် အမျိုးသားရေး သွေးစည်းညီညွတ်မှု ခိုင်ခိုင်မာမာရှိသည့် လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေသည့် လူ့အဖွဲ့ အစည်းတစ်ရပ်အား ထုဆစ်ပုံဖော် ပေးနိုင်ရမည်ဆိုသည့် အသိတရားကို လူငယ်လူရွယ်များ၏ နှလုံးသားထဲ ထိရောက်အောင် လက်ဆင့်ကမ်းအမွေ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ်မောင်မယ်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဂါဝရပြု လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မခင်စံပယ်အောင်နှင့် လေကြောင်းလူငယ်သင်တန်းမှ မပြည့်ပြည့်ဖြိုးတို့က ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ထို့နောက် မြ၀တီတေးဂီတအဖွဲ့က ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အခမ်းအနား တက် ရောက်လာကြသူများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များက ကြည့်ရှုအားပေးကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြောင်းလူငယ်မောင်မယ်များနှင့် လေကြောင်း လူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ရေကြောင်းနှင့် လေကြောင်းလူငယ် မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ) တွင် ၀တ်ဆင် အသုံးပြုနေသည့် ၀တ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာအသုံး အဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ၀တ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြ ကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြသည်။

ယင်းနောက်ညနေပိုင်းတွင် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ သည် ညနေပိုင်းတွင် နေပြည် တော်ရှိ စစ်သမိုင်းပြတိုက်သို့သွားရောက်၍ ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ရေ၊လေ) ပြကွက်များအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၈) နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၁၈) တို့ကို ရေတပ် စခန်းဌာနချုပ်များနှင့် လေတပ်စခန်း ဌာနချုပ်များတွင် ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ မေ ၁၈ ရက်အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ နောက်ဆုံးအပတ်တွင် သင်တန်းစခန်းများပေါင်းဆုံ၍ စခန်းပေါင်းစုံပြိုင်ပွဲများပြုလုပ်ခြင်း၊ လေ့လာရေး ခရီးသွား ရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရေကြောင်းနှင့် လေကြောင်းလူငယ် သင်တန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အခြေခံသင်တန်း တက်ပြီးသော လူငယ်များအတွက် တန်းမြင့် သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ ရေကြောင်း လူငယ်အခြေခံအဆင့် တက်ရောက် အောင်မြင်ပြီးသူ ၁၄၄၄ ဦးနှင့် တန်းမြင့်အဆင့်တက်ရောက်ပြီးသူ ၅၂၆ ဦး၊ စုစုပေါင်း ၁၉၇၀ ဦးရှိပြီး လေကြောင်းလူငယ် အခြေခံအဆင့် တက်ရောက်အောင်မြင်ပြီးသူ ၂၀၃၆ ဦးနှင့် တန်းမြင့်အဆင့်တက်ရောက်ပြီးသူ ၁၆၀ ဦး၊ စုစုပေါင်း ၂၁၉၆ ဦးတို့ကို လေ့ကျင့်သင်ကြားမွေးထုတ် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger