www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 11, 2018

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ကျုံးရေသန့်ရှင်းရေး နည်းပညာမြင့်သည့် ဥရောပနိုင်ငံထုတ် မှော်ဆယ်စက်ကြီး ဝယ်ယူသွားရန် အစီအစဉ်ရှိဟုဆို



မန္တလေး ၁၁-၅-၂ဝ၁၈

လာမည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ကျုံးရေ သန့်ရှင်းသာယာလှပရေး နည်းပညာ အဆင့်အတန်း မြင့်မားသည့် ဥရောပနိုင်ငံထုတ် မှော်ဆယ်စက်ကြီးကို ဝယ်ယူသွားရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုရှိသည့် နေရာအများအပြား ရှိသည့်အနက် နန်းမြို့ရိုးနှင့် ကျုံးပတ်လည်သည် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးဖြစ်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ ၎င်းခရီးသွားများ အနေဖြင့် ကျုံးပတ်လည်သို့ လာရောက် လည်ပတ်ရာတွင် ကျုံးရေပြင်အတွင်း စွန့်ပစ်အမှိုက်များနှင့် မှော်လွင့်ဖတ်များ မရှိဘဲ သန့်ရှင်းသာယာလှပ စေရေးအတွက် လက်ရှိတွင် ယခင်
ကတည်းကဝယ်ယူ ထားသည့် ဂျာမနီနိုင်ငံက မှော်ဆယ်စက်ကြီးများဖြင့် နေ့စဉ်ဆယ်ယူ ရှင်းလင်းပေးလျက် ရှိကြောင်း သိရသည်။

"အခုမန္တလေးမြို့ ကျုံးထဲက မှော်ဆယ်စက်ကြီးတွေကလဲ ဂျာမနီနိုင်ငံက ဝယ်ယူထားတာပါ။ မှော်လွင့်ဖတ်တွေကိုအော်တို ဖြတ်ပေးပြီး စက်အတွင်း သိမ်းပေးတယ်။ ပြီးမှ ကျုံးဘေးပေါင်တွေပေါ်မှာ စုပုံပေးပြီးတော့ အမှိုက်ကား ပေါ်တင်ကာစနစ်တကျစွန့်ပစ်တာပါ။ ပြီးတော့ အမှိုက်တွေကိုလဲ တစ်ပါတည်း သိမ်းဆည်း ပေးနေပါတယ်"ဟု ၎င်းကဆက်လက် ပြောပြသည်။

လာမည့် ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ် အတွင်း၌ ဥရောပနိုင်ငံများထဲမှ မည်သည့်မှော်ဆယ် စက်အမျိုးအစားက အဆင့်အတန်းမြင့် နည်းပညာတွေအပြင် ဒီဇိုင်းပုံစံကအစ အသုံးဝင်ပုံတွေကိုပါ အွန်လိုင်းကနေ တစ်ဆင့်ပြန်ရှာပြီး ဝယ်ယူအသုံပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ကျုံးအတွင်းမှရေကို ကလိုရင်းခပ်၍ သန့်စင်ကာ မြို့ပေါ်ရပ်ကွက်များကို ပေးဝေလျက်ရှိကြောင်း၊ ထိုသို့ ပေးဝေလျက်ရှိသည့် ကျုံးရေကို စွန့်ပစ်အမှိုက်များအပါအဝင် မှော်လွင့်ဖတ်များဖြင့် ညစ်ညမ်းမှု မရှိစေရေး ကျုံးပတ်လည်တွင် ဂျာမနီနိုင်ငံမှ ဝယ်ယူထားသည့် မှော်ဆယ်စက်ကြီး နှစ်စီး၊ ရိုးရိုးမှော်ဆယ် စက်ခြောက်စီးတို့ဖြင့် ဆယ်ယူ လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger