ကသာ ၇-၅-၂ဝ၁၈
စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့ အမှတ် (၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ ကြိုးပမ်းဖော်ထုတ်မှုကြောင့် ငွေကျပ် သိန်း၎ဝဝတန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ဝဝဝ သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကသာမြို့ အမှတ်(၆)မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်စိုးလင်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် မေ ၅ ရက် ညနေ ၄နာရီက ကသာမြို့ ပင်းမလွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်နှင့် အသိသက်သေများ ပူးပေါင်း၍ မူးယစ်ဆေးဝါး သတင်းအရ ပင်းမလွတ်ကျေးရွာ မီးရထားသံလမ်းကူးတွင် စောင့်ဆိုင်းနေစဉ် ကသာမြို့မှ နိုင်လင်းကို မောင်းနှင်ပြီး မြင့်ထွန်း စီးနင်းလိုက်ပါလာသည့် CANDA-125 အမျိုးအစား (နံပါတ်မပါ) ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ခဲ့သည်။
ထိုသို့စစ်ဆေးရာ နိုင်လင်းလွယ်ထားသည့် အစိမ်းနုရောင် ဘေးလွယ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာအိတ် ၄ဝအတွင်း ကာလတန်ဖိုးငွေကျပ်သိန်း ၄ဝဝရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၈ဝဝဝ၊ မူးယစ်ဆေး ဝါးရောင်းဝယ်ရာ၌ အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူရောရာ ငွေကျပ် နှစ်သိန်းတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်လင်း၊ မြင့်ထွန်း ဝန်းသိုမြို့နယ်နေသူတို့ နှစ်ဦးကို ကသာမြို့မရဲစခန်းက မယ(ပ) ၂၃/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝ(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment