www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 8, 2018

ပြည်တွင်းသတင်း ဌာနများမှ သတင်းမီဒီယာသမားများ မောင်တောဒေသ၌ လွတ်လပ်စွာ သတင်းရယူ


ပြည်တွင်းသတင်းဌာနများမှ သတင်းမီဒီယာ သမားများ မောင်တောဒေသ၌ သတင်းရယူစဉ်။

စစ်တွေ ၈-၅-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များကို မြေပြင်ကွင်းဆင်း သတင်းရယူရန် MRTV၊MITV၊ DVB၊ Mizzima၊ ချွန်းသတင်းဌာနနှင့် ရွှေဇာမဏီ သတင်းဌာနတို့မှ သတင်းမီဒီယာ သမားများသည် ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် သတင်းမီဒီယာ သမားများသည် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံမြိုတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လူမှုဘဝအခြေအနေ၊ အလုပ်အကိုင်ရရှိမှု၊ ကျေးရွာရှိ လူဦးရေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်၊ ဒေသခံများ၏ လိုအပ်ချက်များကို မေးမြန်းသတင်းရယူ ကြသည်။

ကိုင်းကြီး (မြို) ကျေးရွာသစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နေအိမ် ၅၆ လုံး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က နေအိမ် ၆၄လုံး တည်ဆောက်လှူဒါန်း ထားကြောင်း သိရသည်။ ဆက်လက်၍ မောင်တောမြို့ပေါ်ရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် ယာယီစခန်းသို့ သွားရောက်ပြီး ပညာသင်ကြားနေရမှု၊ လိုအပ်ချက်၊ စခန်းတွင်းလူဦးရေ၊ စားဝတ်နေရေး အခြေအနေ၊ အလုပ်အကိုင်ရရှိမှုတို့ကို မေးမြန်းပြီး စခန်းအတွင်း လိုက်လံသတင်းရယူ ကြသည်။

ယင်းနောက် သတင်းမီဒီယာ သမားများသည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိပြီး စခန်းတည်ဆောက်ရေး တာဝန်ခံနှင့် တွေ့ဆုံကာ စခန်းတည်ဆောက်မှု အခြေအနေ၊ ခေတ္တနေထိုင်နိုင်မည့် လူဦးရေအပါအဝင် သိလိုသည်များကိုမေးမြန်းပြီး စခန်းအတွင်း အဆောက်အအုံများ တည်ဆောက်ပြီးစီးမှုကို လှည့်လည်သတင်းရယူကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger