www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 17, 2018

တောင်သမန်အင်းနှင့် တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြရန်ညွှန်ကြားထား



မန္တလေး ၁၇-၅-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် အတွင်းရှိ တောင်သမန်အင်းနှင့် တောင်သမန်တံတား ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ထပ်မံတင်ပြရန် ညွှန်ကြားထားကြောင်း တောင်သမန်အင်းနှင့် တောင်သမန် တံတားဝန်းကျင် သန့်ရှင်းသာယာရေး၊ ရေရှည်တည့်တံ့ရေး ကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးမျိုးသစ်က ပြောပြ၍ သိရသည်။

တောင်သမန်အင်းနှင့် တောင်သမန်တံတား သန့်ရှင်းသာယာလှပ စေရေးအတွက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို မေ ၁၄ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ထပ်မံ၍ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

"အခုတံတားပေါ်က ဆိုင်ခန်းတွေကို အရင်ဖယ်ရှားရှင်းလင်း လိုက်တယ်။ အခုလို ဖယ်ရှား ရှင်းလင်းပြီးတော့ ထပ်ထွက်လာ မလားဆိုတာကိုလဲ ဆက်လက် စောင့်ကြည့်နေတယ်။ ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေရရှိစေချင်ပါတယ်။ ဒါပေမဲ့ဖယ်ရှား စရာရှိတာတော့ ဖယ်ရှားရှင်းလင်းရမှာပါ။ ကျန်ရှိနေတဲ့ ဆိုင်ကြီးတွေအတွက် ဘယ်မှာနေရာ ပေးလို့ရမယ် ဆိုတာစဉ်းစားနေတယ်။ မြို့မိ၊မြို့ဖတွေကလဲ စဉ်းစားနေကြတယ်။ သူတို့ကို ဖယ်ခိုင်း လိုက်ရုံတင်မရဘူး။ သူတို့အတွက် တစ်မျိုးစဉ်းစားရမယ်။ နောက်ဆို ရေတက်လာပြီး ခရီးသွား လာရောက်မှုနည်းလာတော့မှာ။ အဲဒီအချိန်ကျရင် လုပ်စရာရှိတာ လုပ်ရမှာပေါ့"ဟု ၎င်းက ပြောပြသည်။

ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအနေဖြင့် Myanmar Teak Wood ကုမ္ပဏီက တောင်သမန်တံတားကြီးကို ဆက်လက်ပြုပြင်မည့် ကိစ္စရပ်များ၊ တံတားဖြူရေ ထိန်းတံခါးကို ပြန်လည်ပြုပြင်မည့် ကိစ္စများနှင့် အင်းအတွင်းရှိ ဗေဒါဆယ်ယူခြင်း လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း၍ ဆက်လက် လုပ်ဆောင်သွားရန် သက်ဆိုင်ရာဌာန များသို့တင်ပြကြရန် ညွှန်ကြားထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger