www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 24, 2018

ပြည်ပမှ အဝယ်လိုက် နေသောကြောင့် ဆန်ကြမ်းဈေးနှုန်း အနည်းငယ် မြင့်တက်နိုင်



ရန်ကုန် ၂၄-၄-၂ဝ၁၈

သင်္ကြန်ပြီးနောက်ပိုင်း ကာလမှစ၍ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရေကြောင်းလမ်းတို့မှ တစ်ဆင့် ဆန်ကြမ်းအဝယ်လိုက် နေသောကြောင့် မိုးရာသီကာလတွင် ဆန်ကြမ်းဈေးနှုန်း အနည်းငယ် မြင့်တက် လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

လတ်တလောတွင် တရုတ်ငွေဈေး ကောင်းမွန်နေသည့်အပြင် လမ်းကြောင်းကပါ သင့်နေသည့်အတွက် မိုးရာသီတွင် ပြည်တွင်း ဈေးကွက်အတွင်း ဆန်ကြမ်းဈေးနှုန်း အနည်းငယ်မြင့်တက် လာနိုင်ကြောင်း သိရသည်။

''လစာတိုးတာနဲ့တော့ မဆိုင်ပါဘူး။ ဆန်အရောင်းအဝယ်ရဲ့ သဘောသဘာဝအရ ဈေးကွက်ကောင်း ရနိုင်တဲ့ အနေအထားပါ။ မိုးတွင်းဘက် ဈေးနည်းနည်း မြင့်နိုင်တယ်။ လက်ရှိ အခြေခံစပါးဈေးနှုန်း သတ်မှတ် ပေးထားတာရယ် နောက်ပြီး တောင်သူတွေက ဈေးကွက်ဝင်တဲ့ စပါးစိုက် တာရယ်ကြောင့် ထွက်လာတဲ့ စပါးတွေကို မူဆယ်၊ တရုတ်နိုင်ငံဘက်က ကြိုက်တော့ ဈေးကောင်းရပြီး ဈေးကြီးနေတာပါ'' ဟု ဦးသန်းဦးက ပြောသည်။

လက်ရှိ ဘုရင့်နောင်ပွဲရုံ၌ ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ် ၂၅ဝဝဝ၊ ၂၆၅ဝဝ ရှိပြီး မိုးတွင်းကာလတွင် တစ်အိတ်လျှင် ငွေကျပ် နှစ်ထောင်၊ သုံးထောင်ခန့် ဈေးမြင့်တက် လာနိုင်ကြောင်း သိရသည်။ မူဆယ်လမ်းကြောင်း ကောင်းမွန် နေသည့်အတွက် ပြည်တွင်း ဆန်ကြမ်းဈေး အနည်းငယ် မြင့်တက်လာနိုင်သည့် အပြင် ပြည်ပသို့ ရေကြောင်းဖြင့် တင်ပို့မည့် ဆန်များမှာလည်း ယခုလကုန်တွင် သင်္ဘောတင်မည်ဖြစ်၍ အဝယ်လိုက်နေကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် တင်ပို့ခဲ့ပြီး ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှတစ်ဆင့် တင်ပို့နိုင်ခဲ့ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger