www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 14, 2018

ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်



စစ်တွေ ၁၄-၃-၂ဝ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၈ နာရီက ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ငပလီမြို့ မြပြင်ရပ်ကွက်အတွင်းရှိ ဟိုတယ်တည်ဆောက် မည့်မြေနှင့် ဟိုတယ်သွားလမ်း ဖောက်လုပ်မည့် နေရာအား သွားရောက်ကြည့်ရှုကြရာ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူတို့က လိုက်လံရှင်းလင်း ပြသကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်သွားလမ်း ဖောက်လုပ်ရာတွင် ဒေသခံပြည်သူများ၏ လယ်ယာမြေများ ပါဝင်နေသည့်အတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ကြစေလို ကြောင်းပြော ကြားသည်။

ဆက်လက်၍ ငပလီကမ်းခြေ တစ်ဖက်ကမ်းရှိ ပုလဲကျွန်းသို့ သွားရောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကမ်းခြေတစ်ခု ဖြစ်ပေါ်လာရေး၊ ခရီးသွားဧည့်သည်များစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရေးအတွက် ဆောင်ရွက်နိုင်ရန် ကျွန်းအတွင်း လှည့်လည်ကြည့်ရှုပြီး ပုလဲကျွန်းဖွံ့ဖြိုး တိုးတက်သာယာလှပရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် သံတွဲမြို့နယ် မောင်ရွှေလေး ကျေးရွာကမ်းခြေသို့ ရောက်ရှိပြီး ကမ်းခြေသာယာ လှပရေးနှင့် ကျေးရွာအတွင်းလမ်းနှင့် ရေနုတ်မြောင်းများ ကောင်းမွန်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ မောင်ရွှေလေးကျေးရွာအတွင်း CORALS- Green & Blue ကုမ္ပဏီမှ ဆောက်လုပ် လှူဒါန်းထားသည့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အင်္ဂလိပ်စကားပြော သင်တန်းကျောင်းတွင် ကျေးရွာအတွင်းမှ ကလေးငယ်များကို အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ် သင်ကြားနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းကျောင်းတွင် ကျောက်ကလပ် ကျေးရွာအုပ်စုမှ ဒေသခံများနှင့် တွေ့ဆုံကြသည်။

ဆက်လက်၍ ကွင်းဝိုင်းတိုက်နယ် ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက် ကုသနေကြသည့် လူနာများကို ထောက်ပံ့ငွေများ ပေးအပ်ပြီး ဆေးရုံအတွင်း ဓာတ်မှန်ခန်းသုံး ပစ္စည်းများ ရောက်ရှိနေမှု၊ ဓာတ်မှန်ခန်းအဖြစ် အသုံးပြုမည့်နေရာ တို့ကိုလှည့်လည် ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မှော်ရုံကျေးရွာ ကမ်းခြေ Royal Hotel ခန်းမ၌ ကျေးရွာဒေသခံ ပြည်သူများနှင့် လည်းကောင်း၊ ကျီးကန်းရဲကျေးရွာ ရွာလယ်မဏ္ဍပ်၌ ဒေသခံပြည်သူများနှင့် လည်းကောင်း၊မြာဝကျေးရွာ၌ ဒေသခံပြည်သူများနှင့် လည်းကောင်းတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျီးကန်းရဲကျေးရွာ စာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း ၅ဝ ကို ပေးအပ်ခဲ့သည်။

သံတွဲမြို့နယ်နှင့် ငပလီကမ်းခြေမြို့တို့တွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ ဒေသခံလူငယ်များ အနေဖြင့် ဟိုတယ်နှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး ဒေသခံပြည်သူများ အတွက်လည်း များစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger