www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 14, 2018

မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဖြစ်သော တိုက်လိပ် ၃ဝ ကို ညင်သာစွာစေလွှတ်ခြင်း အစီအစဉ်ဖြင့် ပြန်လွှတ်ပေး



ခန္တီး ၁၄-၃-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ချင်းတွင်းမြစ် အထက်ပိုင်း၌ မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဖြစ်သော တိုက်လိပ် ၃ဝ ကို ညင်သာစွာ စေလွှတ်ခြင်း အစီအစဉ်ဖြင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ သိရသည်။

ချင်းတွင်းမြစ်ထဲသို့ အပြီးမလွှတ်မီ မြစ်ကမ်းနံဘေးတွင် သီးခြားကာရံထားသော နေရာ၌ ညင်သာစွာစေလွှတ်ခြင်း (Soft Release) အစီအစဉ်ဖြင့် နှစ်လလွှတ်ထားမည် ဖြစ်ကြောင်း သိရသည်။

တိုက်လိပ်များ ထိန်းသိမ်း စောင့်ရှောက်ရေးကို သစ်တောဦးစီး ဌာနနှင့်အတူ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့ (TSA) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး သဘာဝမြစ်ချောင်းထဲသို့ တိုက်လိပ်များ ပြန်လွှတ်ခြင်းကို ၂ဝဝ၇ ခုနှစ်တွင် ၁ဝ ကောင်၊ ၂ဝ၁၁ ခုနှစ်တွင် ခုနစ်ကောင်၊ ၂ဝ၁၃ ခုနှစ်တွင် အကောင် ၆ဝ နှင့် ၂ဝ၁၈ ခုနှစ်တွင် နောက်ဆုံး အကြိမ်အကောင် ၃ဝ ပြန်လွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

တခြားနိုင်ငံများ၌ မတွေ့ရဘဲ မြန်မာနိုင်ငံ၌သာရှိသည့် ဒေသရင်းမျိုးစိတ် တိုက်လိပ် ခေါ် လိပ်ခုံးမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောအဆင့် သတ်မှတ်ထားသည့် ရှားပါးလိပ်မျိုး ဖြစ်သဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger