www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 5, 2018

သတ်မှတ်ကာလအတွင်း မှတ်ပုံမတင်သည့် အငှားယာဉ် Taxi များကို စိစစ်၍ Taxi ယာဉ်မောင်းများ လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူမည်



ရန်ကုန် ၅-၂-၂ဝ၁၈

သတ်မှတ်ကာလ အတွင်းမှတ်ပုံ မတင်သည့် အငှားယာဉ် Taxi များကို အဆင့်ဆင့် စိစစ်ဆောင်ရွက်၍ Taxi ယာဉ်မောင်းများကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် ရန်ကုန်မြို့တွင် အငှားယာဉ် အဖြစ်မှတ်ပုံတင်ထားသည့် Taxi ယာဉ်များကို ယာဉ်စည်းကမ်း၊ ထိန်းသိမ်းရေး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးတွင် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားကာ City Taxi မှတ်ပုံတင်ရန် သတ်မှတ် ထုတ်ပြန် ပေးခဲ့သည်။

အဆိုပါ City Taxi မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ကစတင်ပြုလုပ်ပေးခဲ့ ခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးရာတွင် City Taxi ယာဉ်သစ် မှတ်ပုံတင်အတွက် ငွေကျပ် ၁၂၅ဝဝ ကျသင့်မည်ဖြစ်ပြီး သက်တမ်းတိုး ဆောင်ရွက်မှုအတွက် ငွေကျပ် ၆၅ဝဝ ကျသင့်မည်ဖြစ်သည်။ City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ခဲ့သော်လည်း ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၏ တောင်းဆိုမှုအရ ဇန်နဝါရီလကုန်ထိ သက်တမ်းထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကုန်ထိ ခရိုင်အလိုက် City Taxi မှတ်ပုံတင် ယာဉ်စီးရေပေါင်း ၇၂၃၁၆ စီးထိ လာရောက်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်က City Taxi မှတ်ပုံတင်ရန် စာရင်းပေးပြီး သက်တမ်းတိုးရန် Taxi အစီးရေတစ်ထောင်ကျော် ကျန်ရှိနေသည်။ အဆိုပါ ကျန်ရှိနေသေးသည့် Taxi ယာဉ်များကိုလည်း မှတ်ပုံတင်ပြီးစီးသည်ထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် ကျန်ရှိနေသည့် City Taxi မှတ်ပုံတင်ခြင်းကို နေ့ချင်းပြီးစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger