www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 14, 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ ငြိမ်းချမ်းရေး စကားသံများ



နိုင်သီဟ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မွန်အမျိုးသားပါတီ)

လက်ရှိအနေအထားမှာ အဖွဲ့အစည်း အတော်များများက NCA အပေါ်မှာ ယုံကြည်မှု အားနည်းနေသေးတယ်လို့ စာစောင်တွေမှာ ဖတ်မိတယ်။ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) က နောက်ဆုံး မှာ လွှတ်တော်တင်ရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ဒုတိယ အကြိမ်တုန်းက ၃၇ ချက်ရတယ်။

နောက်ကိုလည်း ဆက်ပြီး ဆွေးနွေးဦးမှာဖြစ်တယ်။ အခြေခံမူနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆွေးနွေးပြီး လွှတ်တော် တင်ရမှာ ဖြစ်တယ်။ လွှတ်တော်မှာ လုပ်ထုံးလုပ်နည်းအရအတည် ပြုသွားဖို့ဖြစ်တယ်။ လွှတ်တော်သဘော တူညီမှုရမှ အကောင်အထည် ဖော်လို့ရမှာဖြစ်တယ်။ အဲဒီအပိုင်းလေးတွေမှာ အခက်အခဲရှိနေတယ်လို့ တိုင်းရင်းသား တွေရဲ့ NCA အပေါ် မြင်တဲ့အမြင်ကို ပြောပြတာဖြစ်တယ်။

NCA လမ်းကြောင်းက ဘယ်လောက်အထိ အကောင် အထည်ဖော်နိုင်မလဲ။ အကောင်အထည်ဖော်မှု ပြီးမြောက်မှုအပေါ်ကို ကြည့်ပြီး သူတို့အနေနဲ့ ဒါကတော့ယုံကြည်နိုင်လောက်တဲ့ အနေအထားကို ရောက်လာနိုင်မယ်ဆိုရင်တော့ သူတို့ပါဝင်လာနိုင်မယ် လို့ ထင်မိပါတယ်။ နိုင်ထောမွန် (ဥက္ကဋ္ဌ၊ မွန်ပြည်သစ်ပါတီ- NMSP) ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အခုလို NCA မှာ ပါဝင်လက်မှတ် ထိုးတာဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်မလား၊ အခက်အခဲတွေများ မလားဆိုတာ ဘယ်သူမှတော့ ကြိုမသိနိုင်ပါဘူး။ အခြေအနေပေးတဲ့အပေါ်မှာ ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက် တာလုပ်တဲ့သဘောပါပဲ။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံရေးနည်း အရအဖြေရှာပြီး ဖက်ဒရယ်ပြည်ေ ထာင်စုကြီး အစစ်အမှန်ပေါ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ ကြိုးစားရမှာပဲ။ အခက်အခဲတွေရှိလာရင်လည်း ကျွန်တော်တို့ အကောင်း ဆုံးနည်းလမ်းတွေ ရှာပြီး ဖြေရှင်းသွားရမှာပဲဖြစ်ပါတယ်။ ဦးခင်ဇော်ဦး (အတွင်းရေးမှူး၊ UPDJC) အခုလက်မှတ်ထိုးတာကတော့ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်ပါတီ (LDU) အဖွဲ့ နှစ်ဖွဲ့ ပေါ့။

ဒီ ၂ဝ၁၈ ခုနှစ် အတွင်းမှာ နောက်ထပ်လက်မှတ်ထိုးမယ့် အဖွဲ့တွေတိုးလာလိမ့်မယ်လို့တော့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါတယ်။ ဘယ်အဖွဲ့ လည်းဆိုတာတော့ အခုချိန်မှာ ချပြဖို့ခက်ပါတယ်။ အဖွဲ့တိုင်းနဲ့ ကျွန်တော်တို့ ဆက်သွယ်ပြီးဆွေးနွေးနေတော့ ဘယ်အဖွဲ့ပါလာ နိုင်သလဲလို့တော့ မပြောနိုင်ေ သးဘူးပေါ့။ ဒါ ပေမဲ့ ဒီနှစ်အတွင်းမှာ နောက်ထပ်နှစ်ဖွဲ့သုံးဖွဲ့ပါဝင်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကရင်ပြည်နယ်နဲ့ တန င်္သာရီတိုင်းက လက်မှတ်ရေးထိုးထားပြီး အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်နေတဲ့ အချိန်မှာ ကရင်နဲ့ တနင်္သာရီကြားထဲက မွန်ပြည်နယ်က ကျန်နေတာပေါ့။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မွန်အဖွဲ့ (NMSP) ပါလာအောင်ကြိုးစား တဲ့အခါမှာ အခုဆိုရင် NMSP အဖွဲ့က ဒီ Process ထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအောက် ပိုင်းဟာ ငြိမ်းချမ်းရေး ခရီးစဉ်ကို ဖြောင့်ဖြောင့် ဖြူးဖြူးသွားနိုင်တဲ့ အခြေအနေကိုရောက်လာပြီလို့ ပြောရမှာဖြစ်တယ်။ ကျန်တဲ့ဒေသတွေ ကျန်တဲ့အဖွဲ့အစည်း တွေအတွက်လည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ မကြာမီ အခြေအနေမှာတော့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေကိုတော့ ကျွန်တော်တို့ တံခါးပိတ်မထားပါဘူး။ အဖွဲ့တိုင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။

တချို့ အဖွဲ့တွေကတော့ တရားဝင်ဆွေးနွေးတာတွေရှိသလို တချို့အဖွဲ့တွေကတော့ အလွတ် သဘော ဆွေးနွေးတာလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်နိုင်တဲ့အတွက် ယုံကြည်မှုတည်ဆောက် ဖို့ကိုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကြောင့် တဖြည်း ဖြည်းနဲ့တော့ ငြိမ်းချမ်းရေး Process က ရှေ့ကို လှမ်းလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဦးယောသပ် (လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့)

လားဟူဒီမိုကရက်တစ်အစည်းအရုံးက NCA စာချုပ်မှာ လက်မှတ်ရေးထိုးတာကို တကယ်ကိုကောင်းမွန်တဲ့ကိစ္စ ကြိုဆိုသင့်တဲ့ ကိစ္စလို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။ ကျွန်တော်တို့ လားဟူတိုင်းရင်းသားအတွက် ဒေသဖွံ့ဖြိုးရေးအတွက် အများကြီးအကျိုးရှိလာမှာပါ။ ဒီနေရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အရေးကြီးပါ တယ်။ အခုဆိုရင် ကျွန်တော်တို့ဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေက အင်မ တန်မှ အားနည်းနေပါသေးတယ်။

အခုလို နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ကျွန်တော်တို့ ပူးပေါင်းပါဝင် ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားများအတွက် တန်ဖိုးရှိတဲ့ အရာတွေကို လုပ် ကိုင်ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်ပါတယ်။ ရှေ့ဆက်လက်လုပ်ဆောင် နိုင်ဖို့ အင်အားတွေ စုစည်းထားပါတယ်။ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ငြိမ်းချမ်းရေးက အဓိက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးကို လုပ်လို့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့က ပထမအချက် အနေနဲ့ အရေးကြီးပါတယ်။

တိုင်းရင်းသား အချင်းချင်းကလည်း လူမျိုးတစ်မျိုးနဲ့ တစ်မျိုး လေးလေးစားစား ဆက်ဆံပြီးမှ လက်တွဲ ချိတ်ဆက်ပြီး နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်။ နိုင်အောင်မငေး (ဗဟိုကော်မတီအဖွဲ့ဝင်၊ မွန်ပြည်သစ်ပါတီ) ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ်မှာ ပါဝင်လက်မှတ် ထိုးခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ NCA လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။

အရင်က NCA စာချုပ်မှာ လက်မှတ်မထိုး ဖြစ်ခဲ့တာက ကျွန်တော်တို့ NCA စာချုပ်ကို ပြန်လည်သုံးသပ်တော့ အားနည်းချက်သုံးချက်ေ တွ့ရတယ်။ ပထမ အချက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးမပါဝင်ခဲ့ဘူး။ ဒုတိယ အချက်အနေနဲ့ နိုင်ငံ တကာပါဝင်မှုမှာ ဖွယ်ဖွယ်ရာရာမပါဝင်ခဲ့ဘူး။ တတိယအချက်အနေ နဲ့ အချိန်ကာ လအပိုင်းအခြားနဲ့အကောင် အထည်ဖော်တဲ့အတွက် တိကျသေချာမှုမရှိတဲ့ အားနည်းချက်တွေ့ရတယ်။ ဒါတွေကြောင့် ပါဝင်လက်မှတ် ထိုးဖို့ ကြာခဲ့တာပါ။

ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်။ ကျွန်တော်တို့ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ ပညာရှင်တွေရော၊ နိုင်ငံရေးပါ တီတွေရော၊ လူမှုအဖွဲ့အစည်းတွေရော အားလုံးပါဝင်ပူးပေါင်းဖို့ အကြံပြုချင်ပါတယ်။ NCA စာချုပ်ကို ပြန် လည်သုံးသပ်ရင် ပစ်ခတ်ရပ်စဲရေးပြီးရင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် လမ်းစဖြစ်တယ်။

ခြေလှမ်းတစ်ခုဖြစ်တဲ့အတွက် ပါဝင်လက်မှတ်မထိုးဖြ စ်သေးတဲ့ အပစ်အခတ် မရပ်စဲရသေးသော တိုင်းရင်းသား လက်နက်ကိုင် ညီနောင်တွေလည်း ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ပါတယ်။ ညီနောင်တွေမှာ ဖြစ်ပျက်နေတဲ့ အခက်အခဲပြဿနာတွေကို အစိုးရနဲ့ ညှိနှိုင်းရင်းအပစ်အခတ်ရပ်စဲပြီး ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ရှေ့ဆက်ဖို့တိုက်တွန်းပါတယ်။

နာဗစ်ဘွန် (ဗဟိုကော်မတီအဖွဲ့ဝင်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး)

ကျွန်မတို့ NCA လက်မှတ်ထိုးပွဲမှာ ပါဝင် လက်မှတ်ထိုးခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ် မိပါတယ်။ NCA မှာ ပါဝင်လက်မှတ်ထိုးလိုက်တဲ့အတွက် ရရှိမယ့် အကျိုးဆက်တွေကတော့ အများကြီးပါပဲ။ အရင်က လားဟူ ပြည်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်ဖို့ အခြေအနေမပေးခဲ့ဘူး။ အခုဆိုရင် လားဟူ ပြည်သူလူထု တွေနဲ့ ရင်းရင်းနှီးနှီးနီးနီးစပ်စပ် နယ်မြေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ကိုင်ဆောင်ရွက် နိုင်လိမ့်မယ်လို့ ကျွန်မမျှော် လင့်မိပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီနောင်တွေလည်း အများကြီးရှိနေ သေးတယ်။ ညီနောင်တွေမှာလည်း NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းဖို့ သူတို့မှာ ရည်ရွယ် ချက်ရှိပါတယ်။ သို့သော်လည်း အစိုးရနဲ့ ညှိနှိုင်းမှုတွေရှိနေတဲ့အတွက် ညှိနှိုင်းမှုတွေ အမြန်ဆုံးအဆင်ပြေပါစေလို့ ပြောချင်ပါတယ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger