www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 16, 2018

နေပြည်တော်၌ ပထမဆုံး အကြိမ်ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ လက်မှတ်များ စတင်ရောင်းချ



နေပြည်တော် ၁၆-၂-၂ဝ၁၈

(၄) ကြိမ်မြောက် ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC-4) ရိုးရာလက်ဝှေ့ ချန်ပီယံရွှေခါးပတ် လုပွဲကို ဖေဖော်ဝါရီ ၁၇ ရက်ညနေ ၅ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်ပြီး ရုံဝင် လက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ စတင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ယင်းကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC-4) ရိုးရာလက်ဝှေ့ ချန်ပီယံရွှေခါးပတ်လုပွဲ ၆ဝ-၆၅ ကီလိုတန်းတွင် သွေးသစ်အောင် (အဖြူရောင်သွေးသစ်) နှင့်လက်သီးမိုး (T&T သထုံ)၊ လိုက်ဝိတ် ၅၇-၆ဝ ကီလိုတန်းတွင် ချစ်မောင်မောင် (တောင်ကလေး) နှင့်စည်သူ (T&T သထုံ)၊ ဖယ်သာဝိတ်တန်း ၅၄-၅၇ ကီလိုတန်းတွင် ရွှေစင်မင်း (မြန်မာ)နှင့် Nou Srey Pov (ကမ္ဘော ဒီးယား)၊ လိုက်ဝယ်သာ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ် ၆ဝ-၆၃ ဒသမ ၅ ကီလိုတန်းတွင် စောဒါဝိတ် (တောင်ကလေး) နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး)၊ လိုက်ဝယ်သာ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ် ၆ဝ-၆၃ ဒသမ ၅ ကီလိုတန်းတွင် ဗထူးမောင် (ရတနာပုံ) နှင့် ကျော်ဇင်လတ် (T&Tသထုံ)၊ Nou Srey Pov ဝယ်သာ ၆၃ ဒသမ ၅-၆၇ ကီလိုတန်းတွင် စောဘဦး (တောင်ကလေး)နှင့် သပြေညို (ရွှေဘားလား)၊ မစ်ဒယ်ဝိတ် ၇၁-၇၅ ကီလိုတန်းတွင် တူးတူး (မြန်မာ)နှင့် Vasyl Sorokin  (ယူကရိန်း) စုစုပေါင်းတွဲဆိုင်း ခုနစ်ဆိုင်း ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC-4) ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ် လုပွဲအတွက် ရုံဝင်လက်မှတ်များအား ရန်ကုန်တိုင်းဒေသကြီး မြရိပ်ညို ဟိုတယ်အဆောင် A ၌ လည်းကောင်း နေပြည်တော် သပြေကုန်းဈေး၌ လည်းကောင်း၊ ပျဉ်းမနားမြို့နယ် ရာဇဌာနီလမ်းမပေါ် နှင်းဆီပန်းအဝိုင်းအနီး စံတော်မီ (ရှမ်းကန်အနီး) နှင့် ရွှေအိုးစည်ဟိုတယ်၊ မိသားစုစားသောက်ဆိုင်၌ လည်းကောင်း၊ လယ်ဝေးမြို့နယ် မိန်းလမ်းပေါ်၌ လည်းကောင်း၊ တပ်ကုန်းမြို့နယ် Tea Shop ၌လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger