တံတားဦး ၁၆-၂-၂ဝ၁၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ လေဆိပ်နယ်မြေ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း အရှေ့ဘက် မိုင်တိုင်အမှတ် (၃၅၂/၅) နှင့် (၃၅၂/၆)ကြားအမြန်လမ်း ဆောက်လုပ်ရေးရှင်း လင်းဆောင်တွင် ယနေ့နံနက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းအရှေ့ဘက် မိုင်တိုင်အမှတ် (၃၅၂/၅) နှင့် (၃၅၂/၆) ကြား အမြန်လမ်းဆောက်လုပ်ရေး ရှင်းလင်းဆောင်၌ ယနေ့နံနက် ဝဝ နာရီ ၁၄မိနစ်က အိပ်ခန်းရှိ လျှပ်စစ်မိန်းပလတ်ခုံမှ အပူလွန်ကဲပြီး လျှပ်စစ်ဝိုင်ယာ ရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ပေ(၃၅×၂ဝ) မြေစိုက်၊ ထရံကာ၊သွပ်မိုး အဆောက်အအုံ တစ်လုံး၊ အဲကွန်းတစ်လုံး၊ လျှပ်စစ်မီတာ တစ်လုံးစုစုပေါင်း တန်ဖိုးငွေကျပ် ၂ဝ၇၅ဝဝ ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းရာသို့ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ငါးစီးဖြင့် နံနက် ဝဝနာရီ ၂၅ မိနစ်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ဝဝနာရီ ၂၈ မိနစ်က မီးငြိမ်းသွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် လူ၊ကျွဲ၊နွား၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အဆောက်အအုံတွင် နေထိုင်သူ အိအိမော် (ဘ) ဦးဖိုးဆန်း ဘုရားတောင်ရွာ ပျဉ်းမနားမြို့နယ် နေသူကို လေဆိပ်နယ်မြေ ရဲစခန်းက (ပ)၇/၂ဝ၁၈၊ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment