www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 28, 2018

လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မန္တလေး ဈေးချိုတော်ကြီး၌ ဥရောပနိုင်ငံထုတ် စက်လှေကား၊ ဓာတ်လှေကား အသစ်တပ်ဆင်၍ အဆင့်မြှင့်တင်ရန် လျာထား



မန္တလေး ၂၈-၂-၂ဝ၁၈

လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးဈေးချိုတော်၌ ဥရောပနိုင်ငံထုတ် စက်လှေကား ခြောက်စင်းနှင့် ဓာတ်လှေကားတစ် စင်းအသစ်တပ်ဆင်၍ အဆင့်မြှင့်တင်သွားရန် လျာထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ဈေးနှင့်သားသတ် ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် ထုတ်ကုန်၊ သွင်းကုန်များအပြင် ကုန်ကြမ်းနှင့်ကုန်ချော ပစ္စည်းများကိုပါ လက်လီ၊လက်ကား ရောင်းချနေသည့် ဈေးပေါင်းမြောက်မြားစွာ ရှိကြောင်း၊ ၎င်းဈေးကြီးများထဲတွင် ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းများအပြင် ပြည်တွင်းမှ ကုန်ပစ္စည်းများကိုပါ ရောင်းချနေသည့် ဈေးချိုတော်မှာလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ဈေးချိုတော်ကြီးတွင် ယခုလက်ရှိ မြေညီထပ်အပါအဝင် အထပ်လေးထပ်ရှိရာ ၎င်းအထပ်များပေါ်သို့ အများပြည်သူ သွားလာအသုံးပြုနိုင်ရန် စက်လှေကားခြောက်စင်း တပ်ဆင်ပေးထား သော်လည်း အချိန်ကြာမြင့် လာသည့်အတွက် အချို့စက်လှေကားများမှာ ဟောင်းနွမ်းပျက်စီး မှုများရှိနေကြောင်း သိရသည်။

မန္တလေးမြို့ ဈေးချိုတော်ကြီးတွင် ဟောင်းနွမ်းနေသည့် စက်လှေကား ခြောက်စင်းကို လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ ပြင်သစ် စသည့်နိုင်ငံများထံမှ အရည်အသွေး မြင့်မားသည့် စက်လှေကားများကို ဝယ်ယူတပ်ဆင် သွားမည့်အပြင် ဓာတ်လှေကား တစ်စင်းကိုပါ အသစ်လဲလှယ်သွားရန် လျာထားကြောင်း သိရသည်။

"ဈေးချိုဆိုတာက နေ့စဉ်ရောင်းသူ၊ ဝယ်သူနဲ့ စည်ကားနေတဲ့ ဈေးကြီးတစ်ခုပါ။ ဒီဈေးမှာ အများပြည်သူ သွားလာအသုံးပြုနေတဲ့ စက်လှေကားတချို့က ပျက်နေတယ်။ ဒါကြောင့် ရောင်းသူ၊ ဝယ်သူပါ အဆင်ပြေစွာ သွားလာနိုင်ဖို့ အတွက် အရည်အသွေး မြင့်တဲ့စက် လှေကားတွေကို လာမယ့်ဘဏ္ဍာနှစ်မှာ အဆင့်မြှင့်တင် ပေးသွားဖို့ရှိတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger