www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 16, 2018

ကန်တော်ကြီး အပန်းဖြေဥယျာဉ်ရှိ ကလေးကစားကွင်း များနှင့် ကြာကန်များ အဆင့်မြှင့်တင်ခြင်း မတ်လအတွင်း အပြီးဆောင်ရွက်မည်



မန္တလေး ၁၆-၂-၂ဝ၁၈

မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်အတွင်း၌ ကလေးကစားကွင်းများ အသစ်ဆောက်လုပ်ခြင်းနှင့် ကြာကန်များပြန်လည် တူးဖော်ခြင်းစသည့် အဆင့်မြှင့်တင်မှုများကို မတ်လအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့တော်စည်ပင် သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနများမှ ဌာနခွဲမှူး ဒေါ်မိုးမိုးသန်းထံမှ သိရသည်။

ယခင်နှစ်ပေါင်း ၂ဝ ကျော်ကာလအတွင်း၌ သစ်များဖြင့် ဆောက်လုပ်ထားသည့် ကလေးကစားကွင်းသည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆွေးမြည့်မှုများ ဖြစ်ပေါ်နေပြီး ကလေးများ ဆော့ကစားရန်အတွက် ကစားကွင်းမရှိ ခဲ့ကြောင်း၊ ယခုလက်ရှိအချိန်တွင် ပျက်စီးဆွေးမြည့် နေသည့် ကစားကွင်းများကို အဆင့်မြှင့်တင်ကာ အသစ်ပြန်လည်တည်ဆောက် ပေးထားကြောင်း သိရသည်။

"ကလေးတွေအတွက် ကစားကွင်း လေးခုတည်ဆောက် ပေးသွားမှာပါ။ လောလောဆယ်တော့ သုံးခုတည်ဆောက် ပေးပြီးသွားပါပြီ။ ကျန်နေတဲ့တစ်ခုကိုတော့ တည်ဆောက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်"ဟု ဒေါ်မိုးမိုးသန်း ကပြောသည်။

မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ် ကြသည့်ခရီးသွား ပြည်သူများအတွက် အပန်းဖြေ နားနေရန်အတွက် နားနေဆောင်များ ကိုလည်း တိုးချဲ့ဆောက်လုပ်ခြင်း များကို ယခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး ပြကွက်၊ ပြရုပ်များနှင့် အလှပန်းများ ဒီဇိုင်းအလှပုံဖော်ခြင်း များကို တိုးချဲ့ပြုလုပ်ထားကြောင်း သိရသည်။

"ဒီပန်းဥယျာဉ် ကစားကွင်း အဆင့်မြှင့်တင်ခြင်းနဲ့ ကြာကန်တွေ တူးဖော်ခြင်းကို တင်ဒါခေါ်ယူပြီးတော့ နိုဝင်ဘာလက စတင်လုပ်ဆောင်တာပါ။ မတ်လကုန်အပြီး ဆောင်ရွက်သွားမှာပါ။ လောလောဆယ်တော့ ကြာကန်နှစ်ကန်ကို တူးဖော်နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ မန္တလေးကန်တော်ကြီး လူထု အပန်းဖြေဥယျာဉ်ကို ၂ဝဝ၁ ခုနစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဧရိယာအကျယ်အဝန်း ဧက ၃ဝရှိကြောင်း၊ ယခုနှစ်တွင် ကလေးကစားကွင်းအတွက် ငွေကျပ် သိန်း၁ဝဝကျော်ဖြင့် တည်ဆောက် ပေးထားပြီး အပန်းဖြေဥယျာဉ်အတွင်း ပန်းအလှပင်များကိုလည်း တိုးချဲ့စိုက်ပျိုး သွားမည့်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger