ရန်ကုန် ၂၇-၂-၂ဝ၁၈
မြန်မာ့စာတိုက် လုပ်ငန်းအနေဖြင့် နှစ်နှစ်တာကာလ အတွင်း ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံအရှုံးပေါ်ခဲ့ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်ထံမှ သိရသည်။
နှစ်နှစ်အတွင်း အရှုံးပေါ်ခဲ့သည့် ငွေကျပ် ၁၄ ဒသမ ၆ ဘီလီယံတွင် ၇၅ ရာခိုင်နှုန်းမှာ ဝန်ထမ်းစရိတ်များနှင့် ပင်စင်လစာများ ကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် အသုံးစရိတ်များ ကြောင့်ဖြစ်ကြောင်း၊ မြန်မာ့စာတိုက် လုပ်ငန်းသည် ပြည်တွင်းစာ တစ်စောင်ပေးပို့မှု အတွက် မည်သည့် မြို့သို့မဆို ငွေကျပ် ၂ဝဝ ကောက်ခံခဲ့သော်လည်း အမှန်တကယ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်မှာ ငွေကျပ် ၂၁၄၅ ကျပ်ဖြစ်ကြောင်း၊ ပြည်ပသို့
စာတစ်စောင် ပေးပို့မှုအတွက် မည်သည့် နိုင်ငံသို့မဆို ငွေကျပ် ၁ဝဝဝ သာ ကောက်ခံသော်လည်း ကုန်ကျစရိတ်မှာ ငွေကျပ် ၂၅၇၈ ကျပ်ရှိ၍ ငွေကျပ် ၁၅ဝဝ ကျော် အရှုံးပေါ်နေကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်နေခြင်းကို ရပ်တန့်နိုင်ရန် အွန်လိုင်းပေါ်၌ ရောင်းချသည့် ကုန်ပစ္စည်းများကို ကြားခံ သယ်ယူပို့ဆောင်ပေးသော ဝန်ဆောင်မှုများ၊ ဘဏ်များ၏ကိုယ်စား ငွေကြေးလွှဲပြောင်း ပေးသည့် ဝန်ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်းများ ကိုယ်စား ငွေကြေးကောက်ခံ ပေးသည့် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်းနှင့်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် လေးဘီလီယံခန့်  အရှုံးပေါ်နိုင်မည် ဟု ခန့်မှန်းထားပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် လက်ရှိအရှုံးကို ရပ်တန့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment