www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 10, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim အား ဂုဏ်ပြုညစာ ဖြင့်တည်ခင်းဧည့်ခံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Limတို့ ဂုဏ်ပြုညစာစားပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်
ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေမှုကို 
ကြည့်ရှုအားပေးစဉ်။



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် csKyf Lt. Gen. Perry Lim အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပွဲတွင် ကြိုဆိုနှုတ်ခွန်းဆက်စကား
 ပြောကြားစဉ်။

နေပြည်တော် ၁၀-၁-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim အား ယနေ့ ညပိုင်းတွင်နေပြည်တော်ရှိ Park Royal Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး Mrs. Lynn Lim ၊ စင်ကာပူ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံစစ်သံမှူး Col. Edmund Tan တို့တက်ရောက် ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင် ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာသုံးဆောင် အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက်သီဆို ကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ် ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger