www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 18, 2018

မန္တလေးတိုင်းဒေသကြီး ငလျင်ရှာဖွေကယ်ဆယ်ရေး အဖွဲ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်



မန္တလေး ၁၈-၁-၂ဝ၁၈

မြေငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ ငလျင်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး အသင့်ပြင် ဆင်ထားရှိရာ ယင်းအဖွဲ့၏ သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၈ နာရီ မိနစ် ၃ဝ ကမန္တလေး ချမ်းအေးသာစံမြို့နယ်၂၉x၈၁လမ်းထောင့်ရှိ ဗဟိုမီးသတ်စခန်းရှေ့တွင် စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါသရုပ်ပြ လေ့ကျင့်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦသန်းဇော်ဦး၊ မန္တလေးခရိုင်မီးသတ် ဦးစီးမှူး ဦးသန်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူ ဦးသန်းဇော်ဦးက အမှာစကား ပြောကြားသည်။

ထို့နောက် အောင်မြေသာစံ မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထက်အောင်အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၇၂ ဦးသည် ဟိုက်ဒရောလစ်သုံးပစ္စည်းများ၊ ဖြတ်စက်များအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးပေးထားသော မြေအောက် ၁၅ပေအနက် ထိအသက်ရှင်နေသည့် လူ၏အသံလှိုင်းကို ဖမ်းယူနိုင်သောစက် (Leader Hasty) စသည့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကိရိယာ များဖြင့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။

ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်သည့် ငလျင်သတင်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၏ သတိပေးချက်များကို ဂရုပြုလေ့လာကြကာ လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပြီး အခြားသောကောလာ ဟလများအပေါ် ကြောက်ရွံ့ထိတ်လန့်မှု မရှိရန်လိုကြောင်း၊ မီးသတ်ဦးစီးဌာန အနေဖြင့်လည်း တရားဝင်အသိပေး ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သတိပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger