www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 26, 2018

ယခုဘဏ္ဍာနှစ် ၁ဝ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှု ပိုမိုမြင့်တက်



ရန်ကုန် ၂၆-၁-၂ဝ၁၈

ယခုဘဏ္ဍာနှစ် ၁ဝ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ပဲမျိုးစုံတင်ပို့မှု ပိုမိုမြင့်တက်လျက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ဇန်နဝါရီပထမ ပတ်အထိ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်ရရှိထားပြီး ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ဝ သန်းကျော်အထိ တင်ပို့နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ပြည်ပတင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ် ၁ဝ လတာကာလတင်ပို့မှုမှာ ဆန်တန်ချိန် တစ်သန်းခွဲကျော် ပိုများနေပြီး ပဲမျိုးစုံတင်ပို့မှုမှာ တန်၂၅ဝဝဝ ပိုများနေကြောင်း သိရသည်။

လက်ရှိတွင် ပဲမျိုးစုံတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ကထက် မြင့်တက်နေသော်လည်း ဝင်ငွေရရှိမှုတွင် အမေရိကန် ဒေါ်လာသန်း ၄ဝဝ ကျော်လျော့နည်း နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်း ဇယားများအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ရာသီဥတုမမှန်မှုကြောင့် စပါးအထွက်နှုန်း ထိခိုက်မှုများရှိပြီး ပဲမျိုးစုံတင်ပို့မှုမှာလည်း အိန္ဒိယနိုင်ငံ၏ မူဝါဒအလှည့်အပြောင်း များကြောင့် ဈေးနှုန်းပိုင်းတွင် ထိခိုက်မှုများရှိကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃၃၆ သန်းကျော် တင်ပို့ထားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုနှင့် နှိုင်းယှဉ်လျှင် လယ်ယာထွက်ကုန်
တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းပိုနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger