ရန်ကုန် ၁၆-၁-၂ဝ၁၈
အောင်လအန်ဆန်သည် ဖေဖော်ဝါရီလ အတွင်းယှဉ်ပြိုင်ရန်ရှိသော ချန်ပီယံကာကွယ် ပွဲအတွက် ကစားသမား တွေ့ဆုံပွဲပြုလုပ်ရန် ဇန်နဝါရီတတိယပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် ကစားသမားတွေ့ဆုံပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲကို အောင်လအန်ဆန်နှင့် ဖိုးသော်တို့ တက်ရောက်ကြမည် ဖြစ်ပြီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ရှင်းလင်းပြောကြားမည် ဖြစ်သည်။
One Championship သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် တွဲဆိုင်းများကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အောင်လအန်ဆန်မှာ ချန်ပီယံကာကွယ်ပွဲကို ဗစ်တာလီဘစ်ရှ်ဒက် နှင့်သာယှဉ်ပြိုင်ရဖွယ် ရှိကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment