www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 10, 2018

မန္တလေးမြို့ အပါအဝင် မြို့ကြီးသုံးမြို့တွင် တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝ ကျော် ဖော်ဆောင်သွားမည်



နေပြည်တော် ၁ဝ-၁-၂ဝ၁၈

မန္တလေးမြို့အပါအဝင် နေပြည်တော်၊ ရန်ကုန်မြို့တို့တွင် တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝကျော်ကို ယခုနှစ်အတွင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်တွင်းရှိ အများပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိစေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်း၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် အငှားအိမ်ရာများ ဖော်ဆောင်ပေးလျက်ရှိရာ မြို့ကြီး သုံးမြို့ဖြစ်သည့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ယခုနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝ ကျော်ကို ဖော်ဆောင်ပေးသွားမည် ဖြစ်သည်။

အဆိုပါစီမံကိန်းများ၏ Pilot Project အနေဖြင့် အကြမ်းအားဖြင့် ရန်ကုန်တွင် ယူနစ် ၄ဝဝခန့်၊ မန္တလေးတွင် ယူနစ်၁ဝဝ၊ နေပြည်တော်တွင် ယူနစ်၂ဝဝဖော်ဆောင်ရန် ရည်မှန်းထားကာအိမ်ရာ ၇ဝဝခန့်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

"ဒီစီမံကိန်းတွေကို ရန်ကုန်မှာရော မန္တလေးနဲ့ နေပြည်တော်မှာပါ စတင်နေပါပြီ။ မြေကြီးလုပ်ငန်းတွေ စနေပါပြီ။ မနှစ်ကစပြီး အကောင်ထည်ဖော်ခဲ့တာ သုံးလလောက်တော့ရှိပါပြီ။ ဒီနှစ်ထဲမှာ ၅ဝ ရာခိုင်နှုန်းလောက်ထိ တည်ဆောက်သွားမှာပါ" ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါစီမံကိန်း အကောင်အထည် ဖော်ပြီးပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့်ချိတ်ဆက်ကာ နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger