www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 12, 2017

ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်အနီး ဆိုင်ကယ်မောင်းနှင်လာသူကို ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကျောက်မဲ ၁၂-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သီပေါဘက်မှလာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရာ ယာဉ်မောင်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော အမှုန့်များနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့မ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် ကျောက်မဲအိုရီယမ်တယ် တိုးဂိတ်အနီး ဒီဇင်ဘာ ၁ဝ ရက်က ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်နေစဉ် သီပေါဘက်မှ အိုက်ယိုင်မောင်းနှင်လာသော Loujia 110 ဆိုင်ကယ်ကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်မောင်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်သယ်လာသော ဘိန်းဖြူဟု ယူဆရသည့် ဖြူ၊ ဝါမှုန့် ၁၁ ခွက် အလေးချိန် ၁၁ဝ ဂရမ်နှင့် WY စာတန်းပါ စိတ်ကြွဆေးပြား၆ဝဝဝ တို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အိုက်ယိုင် ကျောက်မဲမြို့နယ် ပိန်းစင့်အုပ်စု ပန်းမရွာနေသူကို ကျောက်မဲမြို့မရဲစခန်းက မယ (ပ) ၃၄/၂ဝ၁၇၊ မူးစိတ်ပုဒ်မ-၁၅/၁၉ (က) ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger