မန္တလေး ၁၉-၁၂-၂၀၁၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့ နေ့လယ်ပိုင်းက လူ ၁၁ ဦး တင်ဆောင်လာသည့် ယာဉ်တစ်စီးမှာ ဘီးပေါက်၍ အမြန်လမ်းမကြီးဘေးရှိ ချောက်ထဲသို့ ထိုးကျမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူကိုးဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်းသီးကုန်း အမြန်လမ်းမကြီးရဲစခန်းမှ သိရသည်။
မိတ္ထီလာမြို့နယ် သီးကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် အမှတ် ၂၈၃/၄နှင့်၂၈၃/၅ကြားတွင် ယနေ့ မွန်းတည့် ၁၂နာရီက မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းထွန်းဦး ကျောက်ပန်းတောင်းမြို့ နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 2N/------ STREX (အဖြူရောင်) မော်တော်ယာဉ်မှာ ဝဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကျော်တက် ပြီးနောက် တစ်ဖက်ယာဉ် ကြောမြေသားလမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်း မှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသားသုံးဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၁ ဦးအနက် အမျိုးသား တစ်ဦး အမျိုးသမီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် STREX ယာဉ်မှာ ရှေ့၊ နောက်၊ဝဲ၊ ယာမီးသီးနှင့် အချက်ပြ မီးကွဲ၊ ရှေ့နောက်လေကာမှန်ကွဲ၊ ကိုယ်ထည်ပိန့်ချိုင့်၊ ဝဲ၊ယာဘေးတံခါးမှန်များကွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်းထွန်းဦးကို သီးကုန်း အမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၃၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်း ရရှိသည်။
#Yadanarpondaily






No comments:
Post a Comment