www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 23, 2017

ကျိုက်ထီးရိုး ကေဘယ်လ်ကား အစီအစဉ်များကြောင့် တောင်တက်ကားစီးနင်းမှု လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိနိုင်



ရန်ကုန် ၂၃-၁၀-၂၀၁၇

ကျိုက်ထီးရိုး ကေဘယ်လ်ကား အစီအစဉ်များကြောင့် တောင်တက်ကားစီးနင်းမှု လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းနှင့်ခရီးသွား လုပ်ငန်းသတင်းများအရ သိရသည်။

ကျိုက်ထီးရိုး စေတီတော်သည် ပြည်တွင်းဘုရားဖူး များသာမက ပြည်ပဘုရားဖူးများပါ လာရောက် ဖူးမြော်နေသည့် မြန်မာနိုင်ငံ၏ တန်ခိုးကြီးစေတီတော် မြတ်တစ်ဆူဖြစ်သည်။ ဘုရားဖူးများမှာ တောင်တက်ခရီးဖြင့် ပင်ပန်း ခက်ခဲစွာ သွားရောက်ဖူးမြော် နေကြရသည်။

တစ်နေ့တာကုန်သည်ထိ တောင်တက်ခရီးသွားနေရသဖြင့် တောင်ခြေကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး စေတီတော်ထိ ကားလမ်းဖောက်လုပ်ကာ တောင်တက်ခရီးစဉ်များကို စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူ အားလုံးသည် တောင်တက်ကားများဖြင့်သာ ဘုရားဖူးသွားနေကြသဖြင့် တောင်တက် ကားခရီးစဉ်လုပ်ငန်းများမှာလည်း အဆင်ပြေမှုရှိခဲ့သည်။ ယခုအခါကျိုက်ထီးရိုး ဘုရားဖူးပြည်သူများ ပိုမိုအဆင်ပြေစွာ ဘုရားဖူးခရီးသွား လာနိုင်ရေးအတွက် ကေဘယ်လ်ကား လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ ကေဘယ်လ်ကား စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း၂ဝထိအကုန်အကျခံ ဆောင်ရွက်မည် ဖြစ်ပြီး ပြင်သစ်နိုင်ငံမှ ကေဘယ်လ်ကား ၄၃ စီးနှင့် အရန်တစ်စီး ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကေဘယ်လ်ကား လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းတစ်ခု ဖြစ်နေသကဲ့သို့ သက်သောင့်သက်သာနှင့် စီးနင်းနိုင်မည်ဖြစ်သဖြင့် စီးနင်းသူများပြား လာမည်ဖြစ်သည်။ ကျိုက်ထီးရိုးဘုရားဖူးများ ကျိုက်ထီးရိုးကေဘယ်လ်ကား စီးနင်းများပြားလာမည် ဖြစ်သော်လည်း တောင်တက်ကားစီးနင်းမှုအပေါ် ထိခိုက်မှုရှိနိုင် မည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ထီးရိုးတောင်တက် ကေဘယ်လ်ကား အစီအစဉ်များမှာ တောင်ခြေကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ထိ တိုက်ရိုက် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ရသေ့တောင်မှ အပေါ်ဘက်စခန်းလေး စေတီအနီးမှ ကျိုက်ထီးရိုး စေတီထိသာဖြစ်၍ ဘုရားဖူးများအနေဖြင့် တောင်ခြေကင်ပွန်းစခန်းမှ ရသေ့တောင်ထိ တောင်တက်ကားများ စီးနင်းကြရမည် ဖြစ်သည်။ ထို့ပြင် စခန်းလေးစေတီအနီးမှ ရင်ပြင်တော် ခြင်္သေ့နှစ်ကောင် မုခ်ဦးထိ ထပ်မံ လမ်းလျှောက်ကြရမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger