www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 31, 2017

ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား



ရွှေတောင် ၃၁-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက် တည်ကုန်းရပ် ရန်ကုန်-ပြည်အဝေးပြေး ကားလမ်းမပေါ်တွင် ယနေ့နံနက် ၂ နာရီက ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက် တည်ကုန်းရပ် ရန်ကုန်ပြည် ကားလမ်းမပေါ်တွင် ယနေ့နံနက် ၂ နာရီက ရန်ကုန်မှပြည်ဘက်သို့ မောင်းနှင်လာသော YGN 5D/---- (Super Great) အမျိုးအစား ၁၂ ဘီးယာဉ်သည်ကုန်များ တင်ဆောင်ပြီး မောင်းနှင်လာစဉ် ဘီးပေါက်၍ ဟန်းဘရိတ်ဆွဲရာမှ နောက်ဘီးဝဲဘက် တာယာကျွတ်ထွက်ကာ ပွတ်တိုက်၍ ဘရိတ်ရှူးများ အပူလွန်ကဲကာ စတင်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ရွှေတောင်မြို့နယ်မှ သန္ဓေမီးသတ် ၂၂ ဦးနှင့်အရန်မီးသတ် ဦးရေ၃ဝ တို့က မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ မီးသတ်ရေယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီမိနစ် ၄ဝ တွင် လုံးဝမီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ကားတာယာ၊ ကားအောက်ပိုင်း၊ ခွေနှင့်ဘော်ဒီပျက်စီးပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ နှင့် ကားပေါ်ပါလာသော စိုက်ပျိုးရေးသုံးပစ္စည်း၊ ပိုးသတ်ဆေးအမျိုးမျိုး၊ စားအုန်းဆီ၊အိမ်ဆောက် ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ၁၅ဝဝဝဝဝ၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂ဝဝဝဝဝဝ (သိန်း၂ဝ) ခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း (စုံစမ်းဆဲ) ကို ရွှေတောင်မြို့မရဲစခန်းက (ပ) ၁၆၆၁/၂ဝ၁၇၊ ဥပဒေပုဒ်မ -၂၈၅ ဖြင့်အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger