www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 31, 2017

ပုသိမ်ကြီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် စိတ်ကြွဆေးပြား သုံးသောင်းသယ်ဆောင်လာသူ နှစ်ဦးကိုဖမ်းမိ



ပုသိမ်ကြီး ၃၁-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် စိတ်ကြွဆေးပြားသုံးသောင်း သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း) ထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ၁၆ မိုင် ကျောက်ချောစစ်ဆေးစခန်းတွင် ယနေ့နံနက် ၄ နာရီခန့်က သတင်းအရယာဉ်များကို ရပ်တန့်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မူဆယ်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို စစ်ဆေးရာ ထိုင်ခုံအမှတ် (S-13/14) တွင် လေဘယ်တပ်ထားသော ခြင်းတောင်းကို ဖွင့်ဖောက်စစ်ဆေးရာမှ စိတ်ကြွဆေးပြား သုံးသောင်းကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) ၏ ရဲကြေးနန်းအရ သိရသည်။

ထိုကဲ့သို့ ထိုင်ခုံအမှတ် (S-13/14) တွင် လိုက်ပါလာသည့် ခရီးသည် စိုင်းဝေဖြိုး (ခ) စိုင်းစိုင်းနှင့် မနူးနမ်တို့ ယူဆောင်လာသည့် ခြင်းတောင်းအတွင်းမှ စိတ်ကြွဆေးပြားသုံးသောင်း (သုံးကီလိုဂရမ်) ဒေသပေါက်ဈေး ဆေးပြား တစ်ပြားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် သိန်း ၁၅ဝဝ ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိမှုဖြင့် မနူးနမ် (ဘ) ဦးယော်နူး အင်းတော်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး နေထိုင်သူနှင့် စိုင်းဝေဖြိုး (ခ) စိုင်းစိုင်း (ဘ) ဦးမြမောင်ထီးချိုင့်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး နေထိုင်သူတို့ကို အုန်းချော နယ်မြေရဲစခန်းတွင်မူးယစ် (ပ) ၆၅/၂ဝ၁၇၊ မူးစိတ် ပုဒ်မ-၁၅/ ၁၉ (က)/၂၁ဖြင့် ယနေ့ နံနက် ၉ နာရီက အမှုဖွင့်အရေးယူ ထားကြောင်း မူးယစ်တပ်ဖွဲ့စု (၁၇)မှသတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger