www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 5, 2017

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထံသို့လွှဲပြောင်းပေးအပ်


တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအားရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကျင်းပစဉ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံ ပေးအပ်စဉ်။

နေပြည်တော် ၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ပြုလုပ်သည်။

အလှူငွေပေးအပ်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ၊မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော က အလှူငွေလွှဲပြောင်းပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အလှူငွေ ၂၀၃၆၇၄၃၈၄၇ ကျပ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အလှူငွေ/ပစ္စည်းလက်ခံဖြန့်ဖြူးရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းထံသို့ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ပြည်နယ် ၀န်ကြီးချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းဒေသခံတိုင်းရင်းသားပြည်သူများအတွက်သြဂုတ် ၂၉ ရက်မှ စက်တင် ဘာ ၃ ရက်အထိ ကြက်အူချောင်း၊ ငါးခြောက်၊ ဆန်၊ ဆီ၊ ဆား၊အာလူး နှင့် ပဲစသည့်စားသောက်ကုန် ပစ္စည်းများ တန်ဖိုးငွေကျပ် ၇၈၉၉၆၁၅၃ ကျပ်ဖိုးအား ၀ယ်ယူပို့ဆောင်ထောက်ပံ့ပေးခဲ့ပြီးဖြစ်သဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေ စုစုပေါင်းမှာ ၂၁၁၅၇၄၀၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger