www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 5, 2017

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် သုခုမပညာရပ်များ တည်တံ့ခိုင်မြဲ တိုးတက်စေရန် ရည်ရွယ်၍ တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့် ပြိုင်ပွဲကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၆) ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊အက၊အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည်ြ့ပိုင်ပွဲ ဖွင့်ပွဲတွင် အမှာစကား ပြောကြားစဉ်။

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းတို့က ပြိုင်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်။

နေပြည်တော် ၄-၉-၂၀၁၇

အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် သုခုမပညာရပ်များ တည်တံ့ခိုင်မြဲ တိုးတက် စေရေးအတွက် တပ်မတော် အနေဖြင့်လည်း တစ်တပ် တစ်အားပါဝင်ဖြည့်ဆည်း ဆောင်ရွက် လျက်ရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး၏ (၁၆)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ် သည်။

အဆိုပါအခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲမှ ဗဟိုအဆင့် အကဲဖြတ်ဒိုင်လူကြီးများ၊ အကြံပေး ပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီးဆန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီး များက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက တက်ရောက်လာကြသည့် ဗဟိုအဆင့် အကဲဖြတ်ဒိုင် လူကြီးများနှင့် အကြံပေးပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါပြိုင်ပွဲအား စက်တင်ဘာ ၁ဝ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ တိုင်းရင်းသားယိမ်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုယိမ်း၊ တစ်ဦးချင်းအက၊ နှစ်ပါး သွားအက၊ မြန်မာ့ဆိုင်းဝိုင်း၊ခေတ်ပေါ်တီးဝိုင်း ၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား ရက်အလိုက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger