www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 6, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်၊ ဒေသခံတိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ လိုက်လံထောက်ပံ့ပေးလှူ


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်မောင်စိုး နေရပ်စွန့်ခွာပြောင်းရွှေ့ရောက်ရှိနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်။


တပ်မတော် (ကြည်း ၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးစဉ်။


ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှစေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများကို တပ်မတော်သယ်ယူပို့ဆောင်ရေ့း -၈ လေယာဉ်ပေါ်သို့ သယ်ဆောင်ပေးစဉ်။

နေပြည်တော် ၆-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ
ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ထောက်ပံ့ပစ္စည်းများအား စစ်တွေလေဆိပ်သို့ဆက်လက်ပို့ ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ကြက်ဥ ၁၈ဝဝ လုံး၊ ငါးခြောက် ၄၃ ဖာ၊ ငါးပိ ခြောက်ဖာ၊ ကြက်သွန်နီ ၂၃ အိတ်၊ အာလူး ၄၁ အိတ်၊ စောင်၁ဝ ထုပ်၊ ငါးသေတ္တာ ၆၂ ဖာ၊ ဆီကြော်မုန့်ကြွပ် ငါးဖာတို့ကို တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးသည်။

အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များကလှူဒါန်းသည့် ကြက်ဥ ၁၅ဝဝဝ လုံး၊ ပဲကတ္တီပါ ၁၃ အိတ်၊ ဆန်လေးပြည်ဝင်အိတ် ၅ဝဝ၊ ငါးသေတ္တာ၁၅ဝဝ ဘူး၊ ခေါက်ဆွဲခြောက် ၆ဝ ဖာနှင့်ဝက်အူချောင်း ၂ဝ ပိဿာတို့ကို ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် တံတားဦးမြို့ရှိ နယ်မြေခံလေတပ်စခန်းမှ စစ်တွေလေဆိပ်သို့ပို့ဆောင်ပေးရာ အဆိုပါလေယာဉ်များသည် စစ်တွေလေဆိပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းရောက် ရှိနေသည့် တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီး၌လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ ငကျည်တောက်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၈၇၉ ဦး၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၃၃၃ ဦး၊ မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာရှိ ဒေသခံပြည်သူ၄၈၇ ဦးနှင့် မင်းခမောင်းကျေးရွာရှိ ဒေသခံပြည်သူ ၂၅ဝ ဦးတို့ကို ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ထောက်ပံ့ပစ္စည်းများ လိုက်လံပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger