www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 5, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo ABE နှင့်တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo ABE တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo ABE တို့ တွေ့ဆုံဆွေးနွေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo ABE အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်ပေးအပ်စဉ်။

နေပြည်တော် ၅-၈-၂၀၁၇

မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် အတူယှဉ်တွဲ ပေါ်ပေါက်ခဲ့သည်ဟု ဆိုရမည် ဖြစ်သကဲ့သို့ မြန်မာ့တပ်မတော် သန္ဓေတည် ပေါက်ဖွားခဲ့မှု သမိုင်းတွင်လည်း ဂျပန်တပ်မတော်၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါကြောင်း၊ မိမိ၏ယခုခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအတွက် တွန်းအားတစ်ရပ် ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း ဂျပန်နိုင်ငံ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံဖြစ်ပါကြောင်း၊ အနာဂတ်တွင်လည်း နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့စေရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shinzo ABE အား ယနေ့ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ၎င်း၏နေအိမ်၌ သွားရောက်တွေ့ဆုံ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် စောမင်းတို့တက်ရောက်ကြပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ် နှင့်အတူ အစိုးရအဖွဲ့ဒုတိယအတွင်းဝန်ချုပ် Mr. Hagiuta Koichi၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် Admiral Katsutoshi KAWANO နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်မှ အဆွေတော်ဝန်ကြီးချုပ်အား နှုတ်ခွန်းဆက်သ ပါကြောင်းနှင့် ယခင်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန်မှလည်း နှုတ်ခွန်းဆက်သ ပါကြောင်းနှင့် ဦးသိန်းစိန်အစိုးရသက်တမ်း ကာလအတွင်း မြန်မာ-ဂျပန်ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်ရေး ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး နှစ်နိုင်ငံအစိုးရများအကြား ချစ်ကြည်ရင်းနှီးမှု ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများအတွက် များစွာအကျိုး ကျေးဇူးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြားတွင်လည်း ဆက်ဆံမှုပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော် အဆင့်မြှင့်တင်ရေးတွင် ဂျပန်နိုင်ငံမှလည်း အကူအညီ ပေးအပ်ခဲ့မှုများရှိကြောင်း ပြောကြားသည်။ ဆက်လက်ပြီး မိမိတို့တပ်မတော်အနေဖြင့် ကိုရီးယားကျွန်းဆွယ်နှင့် အာရှအရှေ့ဖျား တည်ငြိမ် အေးချမ်းမှုကို လိုလားပါကြောင်း၊ နူကလီးယား အင်အားသုံး မှုကိုလည်း မလိုလားပါကြောင်းနှင့် အင်အားပြ ခြိမ်းခြောက်မှုများကိုလည်း ဆန့်ကျင်ပါကြောင်း၊ ဒေသအတွင်းနှင့် ကမ္ဘာ့တည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များကိုလည်း မိမိတို့အနေဖြင့် လုပ်ဆောင်မည် မဟုတ်ပါကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာ သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်မှ ပြန်လည် ပြောကြားရာတွင် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA အား အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ကူညီ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အသီးအပွင့်များကို ပြည်သူများ ခံစားနေရပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် အစွမ်းကုန်ကူညီ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးသည် ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ပြီး ဆက်လက်ပြီး ပိုမိုတိုးတက်ခိုင်မာ အောင်တည်ဆောက် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာ-ဂျပန်ဆက်ဆံမှုတွင် ဘက်ပေါင်းစုံမှတိုးတက်မှုများကို တွေ့မြင်နေရကြောင်း၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်သည် မိမိတို့၏ ခိုင်မာသည့်မူဝါဒဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်း၊ ဂျပန်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများမြန်မာနိုင်ငံတွင် တိုးမြင့်လာမည်ဟုယုံကြည်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက်မြှင့်တင်နိုင်ရေးအတွက် ပတ်ဝန်းကျင်အခြေအနေကောင်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုသည် ဂျပန်နိုင်ငံ အစိုးရအဖွဲ့အသစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ပြည်ပခေါင်းဆောင် တစ်ဦးအနေဖြင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုတစ်ခုလည်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger