www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 26, 2017

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် ဟင်းသီးဟင်းရွက် ကဏ္ဍထည့်သွင်းနိုင်ရေး ညှိနှိုင်းစည်းဝေး



နေပြည်တော် ၂၆-၇-၂၀၁၇

အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍကို ဦးစားပေးကဏ္ဍ၌ ထည့်သွင်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၂၄ရက်က ရန်ကုန်မြို့ရှိ ကုန်သွယ်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာစေရန် အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ အဆိုပါအမျိုးသား ပို့ကုန်မဟာဗျူဟာ (NES) ၏ ဦးစားပေးကဏ္ဍတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကဏ္ဍကို ဦးစားပေး ကဏ္ဍတွင် ထည့်သွင်းရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် အရည်အသွေး ကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေး အတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ပိုင်ခြံ၊ စိုက်ကွင်းများမှ ထုတ်လုပ်ခြင်း၊ နိုင်ငံတော်ပိုင်ခြံ၊ စိုက်ကွင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ တောင်သူအစု အဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများထူထောင်၍ မျိုးစေ့ထုတ်လုပ်ခြင်း၊ နည်းလမ်းများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ကဏ္ဍသည် နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသည့် အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် မြန်မာ့သစ်သီးဝလံ နှင့်ဟင်းသီးဟင်းရွက်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ နိုင်ရေးနှင့် စိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger