www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 11, 2017

မြန်မာနိုင်ငံတွင် High Speed Railway ကို မဆောင်ရွက်ဘဲ အဓိက ရထားလမ်းလေးလမ်းကိုသာ အဆင့်မြှင့်တင် ဆောင်ရွက်မည်



နေပြည်တော် ၁၁-၇-၂၀၁၇

မြန်မာနိုင်ငံတွင် High Speed Railway  အစီအစဉ်ကို စဉ်းစားဆောင်ရွက် နိုင်မည်မဟုတ်ဘဲ အဓိကရထားလမ်း လေးလမ်းကိုသာ အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ High Speed Railway ရထားများမှာ တစ်နာရီကီလို မီတာ၂၅ဝအထက် ခုတ်မောင်းပြေး ဆွဲနေသည့် ရထားများဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ တစ်ဦးချင်းနေ့စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ဝဝ အောက်တွင် ရှိနေသည့်နိုင်ငံများ အနေဖြင့် High Speed Railway လမ်းများကို မဖောက်သင့် သေးကြောင်း ပညာရှင်များကအကြံ ပြုပြောဆိုခဲ့ကြသည်။

အဆငြ့်မှင့်တင် ပြင်ဆင်ဆောင်ရွက်သွားမည့် ရထားလမ်းများမှာ ရန်ကုန်-မန္တလေးလမ်း၊ မန္တလေး-မြစ်ကြီးနားလမ်း ၊ ရန်ကုန်- မော်လမြိုင်လမ်းနှင့် ရန်ကုန်-ပြည်လမ်းစသည့် အဓိကရထားလမ်း လေးလမ်းဖြစ်သည်။ အဆိုပါ ရထားလမ်း လေးလမ်းသည် မြန်မာနိုင်ငံ ရထားဈေးကွက်ကြီး၏ ရာခိုင်နှုန်း ၈ဝ ထိေ ဈးကွက်နေရာရှိနေသည်။

ထို့ကြောင့် အဆိုပါ ရထားလမ်း လေးလမ်းတွင် ရထားစီးခရီးသွား ပြည်သူများအနေဖြင့် အဆင်ပြေ၊ အဆင့်မြင့်စွာ စီးနင်းသွားလာနိုင်ရေး၊ ခရီးသည်များ ဘေးကင်းလုံခြုံစွာ စီးနင်းသွားလာနိုင်ရေးနှင့် အချိန်တိုတိုနှင့် လိုရာ အရပ်သွားလာနိုင်ရေး အတွက် အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger