www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉ဘီလီယံထိရရှိရန် လျာထားဆောင်ရွက်နေ



နေပြည်တော် ၃-၇-၂၀၁၇

ယခု၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ဘီလီယံထိ ရရှိလာစေရန် လျာထားဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၈ဘီလီယံလျာထား ဆောင်ရွက်ခဲ့ရာ အမေရိကန်ဒေါ်လာ၂၉ဘီလီယံထိ ဆောင်ရွက် နိုင်ခဲ့သည်။

ယခု၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇွန်လဒုတိယပတ်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၆ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၈၅၁ ဒသမ ၉၃၂သန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မှုများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၆ဝ ဒသမ ၈၂၁သန်းရှိသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇွန်လဒုတိယပတ်တွင်လည်း မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၁၃ ဒသမ ၄၃၃သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၂၂ခုနှင့် ရင်းနှီးမြှပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁ဒသမ ၂၆၆သန်း အပါအဝင် မြန်မာကျပ်ငွေ ၁၁၄၂၅ ဒသမ ၉ သန်းတန်ဖိုးရှိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလေးခုကို ခွင့်ပြုပေးခဲ့သည်။

အဆိုပါခွင့်ပြုပေးခဲ့သည့် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂၂ခုတွင် စက်မှုကဏ္ဍတွင်၁ဝခု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတွင်တစ်ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍတွင်တစ်ခု၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ရှစ်ခုနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတွင်နှစ်ခုပါဝင်ပြီး မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလေးခုတွင် စက်မှုလုပ်ငန်း ကဏ္ဍသုံးခုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger