www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

နဂါးမောက် စိုက်ပျိုးသူများ ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေး ကောင်းသောမျိုးများ ရွေးချယ်စိုက်ပျိုးသင့်



ပုပ္ပား ၁၇-၇-၂၀၁၇

ပြည်တွင်းရှိ နဂါးမောက်စိုက်ပျိုးသူများ ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေး ကောင်းသောမျိုးများကိုသာ စိုက်ပျိုးသင့်ကြောင်း ပုပ္ပားမြို့ရှိ ရွှေသရဖူနဂါးမောက် ခြံပိုင်ရှင် ဦးတင်အောင်မိုးထံမှ သိရသည်။

ထို့ပြင် နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိရာ အနီသီးမှာ အရသာပိုမို ကောင်းမွန်သဖြင့် စားသုံးသူများပြား သည့်အတွက် ဈေးကွက်ခိုင်မာစေရန် အနီသီးကိုသာ အဓိကထားစိုက်ပျိုး သင့်သည်။

''နဂါးမောက်သီးအနီက အဖြူသီးထက် အချိုဓာတ် ပိုပြီးတော့များတယ်။ နွမ်းတဲ့အခါမှာ အဖြူသီးက ပိုပြီးတော့အချိုဓာတ် များတယ်။ ဒါပေမဲ့ လတ်ဆတ်ရင် အနီသီးက ပိုချိုတယ်။ အဖြူသီးက ချဉ်ချိုလေးပါ။ အနီသီးက ချိုရင်ချို၊ မချိုရင် အရသာက စိမ့်တယ်။ နဂါးမောက်စိုက်ပျိုးတဲ့ သူတွေရေရှည် ရပ်တည်နိုင်ဖို့က အရည်အသွေး ကောင်းအောင် စိုက်ပျိုးကြရမယ်။ အသီးတွေက အလုံးလှပြီး ကြီးဖို့လိုအပ်သလို အနီသီးတွေကို အဓိကထား စိုက်ပျိုးသင့်ပါတယ်'' ဟု ဦးတင်အောင်မိုးက ပြောသည်။

နဂါးမောက်သီးမှာ မေလမှ နိုဝင်ဘာလအထိ တစ်နှစ်လျှင် ရှစ်ကြိမ်ခန့် သီးလေ့ရှိပြီး စတင်စိုက်ပျိုးချိန်မှ ကိုးလသားအရွယ်တွင် အသီးသီးလေ့ရှိကြောင်း သိရသည်။

ထို့ပြင် နဂါးမောက်သီးကို တစ်ဧကလျှင် တိုင် ၄၃ဝ စိုက်ပျိုးသည့် စနစ်မှာ အကောင်းဆုံး စိုက်ပျိုးနည်းဖြစ်ကာ တစ်တိုင်လျှင် လေးပင်အထိ စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် ခန့်မှန်းခြေ အပင် ၁၂ဝဝ ကျော် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger