www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 31, 2017

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး ၄ဝ ရာခိုင်နှုန်းအထက်ရှိစေရန် ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၃၁-၇-၂၀၁၇

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်း အထက်ရရှိစေရန် လိုအပ်ချက် များအပေါ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းထံမှ သိရသည်။

ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်းရရှိစေရန် ငွေကြေးနှင့်နည်းပညာ များသာမက ပြည်တွင်း၌ အခြေခံကုန်ကြမ်း ရရှိနိုင်မှု စသည့် အချက်များအပေါ် မူတည်နေသဖြင့် အဆိုပါ လိုအပ်ချက်များ အလိုက် ကဏ္ဍအသီးသီးနှင့် ပူးပေါင်းလုပ်ဆောင် ရမည်ဖြစ်သည်။

လက်ရှိ GDP ကိုကြည့်မည်ဆိုပါက ၂ဝ၁၆ ခုနှစ်တွင် လယ်ယာကဏ္ဍ၌ ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍ၌ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး စက်မှုကဏ္ဍ၌ လိုအပ်ချက်ရှိနေကာ စက်မှုနိုင်ငံဖြစ်စေရန် လုပ်ဆောင်မည် ဆိုပါက GDP အနည်းဆုံး ၄ဝ ရာခိုင်နှုန်းအထက် ရှိရန်လိုသဖြင့် ယင်းကဲ့သို့ GDP ရရှိစေရန် လုပ်ဆောင်မည် ဖြစ်သည်။

ထို့ပြင် စက်မှုလုပ်ငန်းများ တိုးတက်လာ စေရန် SME လုပ်ငန်းကဏ္ဍမှ ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ပေးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger