www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 3, 2017

ယခုဘဏ္ဍာနှစ်တွင် ၁၆၅နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်လျာထားသော်လည်း ဖြည့်စွက်လုပ်ငန်းများ ထပ်တိုးဆောင်ရွက်မည်



နေပြည်တော် ၃-၇-၂၀၁၇

မြန်မာနိုင်ငံ၏ ရေလမ်းကြောင်းများ ကောင်းမွန်ရေး အတွက်၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ၁၆၅ နေရာ၌ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်သွားမည် ဖြစ်သော်လည်း ဖြည့်စွက်လုပ်ငန်းများကို ထပ်တိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသတင်းများအရ သိရသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်က မြန်မာနိုင်ငံ၏ ရေလမ်းကြောင်းများ ကောင်းမွန်စေရေး အတွက် နေရာ ၁၂၂ နေရာတွင် လုပ်ကိုင်ဆောင်ရွက်ရန်မူလလျာထား ဆောင်ရွက်ခဲ့သော်လည်း ၁၇၃နေရာထိ လုပ်ကိုင်ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်လည်း မူလလျာထားချက် ၁၆၅ နေရာဖြစ်သော်လည်း နောက်ပိုင်းကာလများတွင် ဖြည့်စွက်လုပ်ငန်းများကို ထပ်မံတိုးမြှင့်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် နေရာဒေသများကို လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နေရာ (၃) နေရာအတွက် ငွေကျပ်သန်းပေါင်း ၈၆၅သန်း၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်နေရာ (၄) နေရာအတွက် ငွေကျပ်သန်းပေါင်း ၄၃၂သန်းခွင့်ပြုပေးထားပြီး ရခိုင်ပြည်နယ်ရှိမြစ်များ ရေလမ်းကောင်း မွန်ရေးအတွက် ငွေကျပ် သန်း၁ဝ၇သန်းကျော်၊ မတ္တရာ- ဆင်ကျွန်း ရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ်သန်းပေါင်း ၇၂၅သန်းကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger