www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

ရေကြီးရေလျှံမှုနှင့် စပါးရိတ်သိမ်းချိန် ရောက်ရှိပြီဖြစ်သဖြင့် မြွေကိုက်လူနာများ ပေါ်ပေါက်လာပါက အသင့်ကုသနိုင်ရန် မြွေဆိပ်ဖြေဆေး အလုံအလောက်ရှိဟုဆို




မြင်းခြံ ၁၇-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဒေသခံပြည်သူများ အနေဖြင့် ယခုအခါ ရေကြီးရေလျှံမှုနှင့် နွေစပါးရိတ်သိမ်းချိန် ရောက်ရှိပြီဖြစ်သဖြင့် မြွေကိုက်လူနာများ ပေါ်ပေါက်လာပါက အသင့်ကုသနိုင်ရန် မြွေဆိပ်ဖြေဆေး များအလုံအလောက် ရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာ ဒေါ်ကေသီဝင်းမောင်က ပြောပြ၍ သိရသည်။

ယခုအခါ အနယ်နယ်အရပ်ရပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် မြွေ၊ ကင်းစသော လူကိုအန္တရာယ် ပေးစေတတ်သည့် အဆိပ်ရှိသတ္တဝါများသည် ရေလွတ်ရာ ရပ်ကွက်၊ ကျေးရွာများသို့ ရွှေ့ပြောင်းချိန်တွင် လူသားများ နှင့်တွေ့ဆုံရာ၌ အန္တရာယ်ပေးတတ် သောကြောင့် ၎င်းသတ္တဝါများကို ဂရုတစိုက် ရှောင်တိမ်းရန် လိုကြောင်း၊ အလားတူပင် စပါးရိတ်သိမ်းချိန်၌ ၎င်းလည်း သတ္တဝါများကို ဂရုတစိုက်ရှောင်၍ ရိတ်သိမ်းရန် လိုကြောင်း သိရသည်။

ထိုအချိန်အခါမျိုးတွင် ဒေသခံပြည်သူများ အနေဖြင့် မြွေကိုက်လူနာများ ရုတ်တရက် ပေါ်ပေါက်လာပါက အသင့်ကုသနိုင်ရန် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်း မာရေးဌာနတို့တွင် မြွေဆိပ် ဖြေဆေးများ အလုံအလောက် ရှိနေကြောင်း သိရသည်။

'' မြင်းခြံခရိုင်မှာ မြင်းခြံမြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ သုံးခု၊ ကျေးလက် ကျန်းမာရေးဌာန ခုနစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၄၂ခုရှိပါတယ်။ အဲဒီဆေးခန်းတွေ အတွက်လဲမြွေဆိပ် ဖြေဆေးတွေကို အလုံအလောက် ဖြန့်ဝေပေး ထားပါတယ်။ တကယ်လို့ မြွေကိုက်ခံရပြီ ဆိုရင် မီးစနဲ့ထိုးတာ၊ တွင်ခုတ်တာ၊ မန်းမှုတ်တာ စတဲ့ကုသမှုတွေမလုပ်ဘဲ ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီ လာရောက်ကုသပါ။ မြွေကိုက်လို့ သေတဲ့လူနာဆိုတာ ရှေးဦးသူနာပြု နည်းမမှန်မှု၊ မိရိုးဖလာကုသမှု တွေကြောင့် အချိန်နှောင့်နှေးပြီး သေကြသူ များပါတယ်''ဟု က၎င်းဆက်လက် ပြောပြသည်။

မြင်းခြံမြို့နယ်တွင် ဆီမီးခုံတိုက်နယ် ဆေးရုံ၊ ထနောင်းတိုင် တိုက်နယ်ဆေးရုံ နှင့်ယုံတိုးတိုက်နယ် ဆေးရုံဟူ၍ သုံးခုရှိပြီး ကျေးလက်ကျန်းမာရေး ဌာနအနေဖြင့် နဘူးအိုင်၊ ကုက္ကဲ၊ ယုံတိုး၊ စံပြ၊ ကွမ်းစိုက်၊တလုပ်၊ ဆင်ကွတ်ဟူ၍ ခုနစ်ခုရှိကာ ကျေးလက်ကျန်းမာရေး ဌာနခွဲအနေဖြင့် ၄၂ခုရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger