www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 5, 2017

ပြည်ပနိုင်ငံများသို့ တစ်ပတ်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် တစ်သောင်းတင်ပို့



ရန်ကုန် ၅-၇-၂၀၁၇

ပြည်တွင်းမှထွက်ရှိသော ဆန်ကွဲကို ဈေးကွက်သစ်ဖြစ်သည့် ဆီနီဂေါနိုင်ငံအပြင် ပြည်ပနိုင်ငံများသို့ တစ်ပတ်တာကာလ အတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ တန်ချိန်တစ်သောင်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆန်ကွဲတင်ပို့ရာတွင် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်တာကာလ အတွင်း ဆီနီဂေါနိုင်ငံသို့ တန်ချိန် ၅ဝဝ၊ မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၁၅ဝ၊ အင်ဒိုရာနိုင်ငံသို့ တန်ချိန် ၄၅ဝ၊ အင်ဒို နီးရှားနိုင်ငံသို့ တန်ချိန် ၃၈ဝဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅ဝ နှင့် ဥရောပသမဂ္ဂနိုင်ငံ များသို့ တန်ချိန် ၅ဝ၅ဝ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် ၁၃၉၄၄ တန်တင်ပို့ခဲ့သည့်အတွက် ယခုတစ်ပတ်တွင် ၃၉၄၄ တန် လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် လွယ်ဂျယ်နှင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၅၈၂ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ကထက် ၂၉၁၆ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger