www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 21, 2017

ယခုဘဏ္ဍာနှစ်တွင် မိုးသီးနှံ လျာထားဧက ၁၉၆ဝဝ ကို စိုက်ပျိုးရေ ပြည့်ဝစွာ သုံးစွဲစိုက်ပျိုးနိုင်ရန် ရေတင်စခန်း ၂၆ ခုမှ ရေဖြန့်ဝေပေးမည်



မန္တလေး ၂၁-၇-၂၀၁၇

ယခုဘဏ္ဍာနှစ်တွင် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ တောင်သူများ၏ မိုးသီးနှံ လျာထားဧက ၁၉၆ဝဝ ကို စိုက်ပျိုးရေများ ပြည့်ဝစွာသုံးစွဲ စိုက်ပျိုးနိုင်ရန် ရေတင်စခန်း ၂၆ခုမှ ရေဖြန့်ဝေပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) မှ တာဝန်ရှိသူ တစ်ဦးကပြောပြ၍ သိရသည်။

မိုးသီးနှံလျာထား ဧကများတွင် တောင်သူများ စိုက်ပျိုးနိုင်ရန် အတွက် ခရိုင်အလိုက် ရေတင်စခန်းများမှ ရေများပြည့်ဝစွာ သုံးစွဲနိုင်ရန် ပေးဝေသွားမည် ဖြစ်ကြောင်း၊ ထိုရေတင်စခန်းများမှာ ပုသိမ်ကြီးမြို့နယ်တွင် ရေတင်စခန်း လေးခု၊ စဥ့်ကိုင်မြို့နယ်တွင် ရေတင်စခန်း ငါးခု၊ တံတားဦးမြို့နယ်တွင် ရေတင်စခန်းတစ်ခု၊ မြစ်သားမြို့နယ်တွင် ရေတင်စခန်းတစ်ခု၊ ဝမ်းတွင်းမြို့နယ်တွင် ရေတင်စခန်း တစ်ခု၊ ငါန်းဇွန်မြို့နယ်တွင် ရေတင်စခန်း သုံးခု၊မြင်းခြံမြို့နယ်တွင် ရေတင်စခန်းငါးခု၊ တောင်သာမြို့နယ်တွင် ရေတင်စခန်းတစ်ခု၊ ညောင်ဦးမြို့ နယ်တွင် ရေတင်စခန်း ငါးခုစုစုပေါင်း ရေတင်စခန်း ၂၆ခုတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေတင်စခန်းများမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က စပါးစိုက်ဧက ၁၁၇၅၈ ဧက၊ အခြားသီးနှံများ ဧက ၇၈၂ဝ စုစုပေါင်းစိုက်ပျိုး နိုင်ခဲ့သောဧကမှာ ၁၉၅၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာ နှစ်တွင်လည်း စပါးစိုက်ဧက ၁၁၈၅၈ဧက၊ အခြားသီးနှံများဧက ၇၇၄၂ဧက စုစုပေါင်း မိုးသီးနှံ လျာထားစိုက်ဧက ၁၉၆ဝဝကို တောင်သူများ စိုက်ပျိုးနိုင်ရေး အတွက် ရေတင်စခန်း ၂၆ခုမှ ရေများပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger