www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

ပြည်ခရိုင်အတွင်း စပါးနှင့် အခြားသီးနှံစိုက်ဧက လေးထောင်ကျော် ရေဝင်နစ်မြုပ်မှုဖြစ်ပွား



ပြည် ၁၇-၇-၂၀၁၇

ပြည်ခရိုင်အတွင်း စပါးနှင့် အခြားသီးနှံစိုက်ဧက လေးထောင်ကျော်မှာ မိုးရွာသွန်းမှု၊ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့အခြေစိုက် ဒုတိယတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ဇွန်လအတွင်းမှ စတင်ကာ ပြည်မြို့နှင့် သဲကုန်းမြို့တို့တွင် အဆက်မပြတ် မိုးရွာသွန်းမှု များနှင့်အတူ စပါးခင်းများနှင့် စိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့ပြီး ပန်းတောင်းမြို့နှင့် ရွှေတောင်မြို့တို့တွင် ဇူလိုင်လမှ စတင်ကာ ဧရာဝတီ မြစ်ရေမြင့်တက်မှု များနှင့်အတူ ရေဝင်ရောက်မှုများ ရှိလာကြောင်း သိရသည်။

''ရေဝင်တဲ့နေရာ တွေကတော့ များလာပြီ။ ပျက်စီးမှုစာရင်း တိတိကျကျ ရအောင်လို့ စိုက်ပျိုးရေး ဦးစီးဌာနကနေ ကွင်းဆင်းပြီး စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ရလာတဲ့စာရင်းတွေကို အထက်အဆင့်ဆင့်ကို ပြန်လည်တင်ပြ သွားမှာပါ''ဟု အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင် ကပြောပြသည်။

ရေဝင်နစ်မြုပ်မှုများ ကြောင့်ပျက်စီးဆုံးရှုံးမှု များလည်းရှိခဲ့ပြီး ရေကျသွားလျှင် ပြန်လည်စိုက်ပျိုး ရသော စိုက်ခင်းများလည်း ရှိသောကြောင့် စိုက်ပျိုးစရိတ်များ ပိုမိုကုန်ကျခြင်း၊ ရေဝင်မှုများကြောင့် အထွက်နှုန်းလျော့ကျ ခြင်းတို့မှာ တောင်သူများ၏ အဓိကအခက် အခဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု များပြားသော တောင်သူအချို့မှာ စိုက်ပျိုး စရိတ်ချေးငွေကို ပြန်လည်ပေး ဆပ်ရန်ခက်ခဲကြောင်း သဲကုန်းမြို့နယ် အတွင်းရှိ တောင်သူအချို့က
ပြောပြသည်။

ယခုနှစ် အခြေအနေမှာ ရေကြီးရေလျှံ ကာလအစပိုင်း သာရှိပြီး ယခုထက် မြစ်ရေဆက်လက် မြင့်တက်လာပါက စပါးနှင့်အခြား သီးနှံစိုက်ခင်းများ ထပ်မံရေလွှမ်းမိုးမှုခံရမည့် အခြေအနေများလည်း ရှိနေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger