www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 14, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များအား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral HCS Bishtက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှအား NWWA ကော်မတီ အတွင်းရေးမှူးကလုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

နေပြည်တော် ၁၄-၇-၂၀၁၇

အိန္ဒိယနိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာ့တပ်မတာ် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၁၂ ရက် ညပိုင်းတွင် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral HCS Bisht က ၎င်း၏နေအိမ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့အား ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ဌာနချုပ်မှူးနှင့် ဇနီးတို့က ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီးတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ဌာနချုပ်မှူးနှင့် ဇနီးတို့အား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ညစာကိုအတူတကွ သုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်းအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် တီးဝိုင်းအဖွဲ့မှ နှစ်နိုင်ငံတေးသီချင်းများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။

ညစာစားပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က သီဆိုဖျော်ဖြေခဲ့သော တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အရှေ့ပိုင်းရေတပ် ကွပ်ကဲမှုဌာနချုပ်ရှိ အိန္ဒိယရေတပ် မိသားစုဝင်ဇနီးများ သက်သာချောင်ချိရေးအဖွဲ့ (Navy Wives welfare Association-NWWA) သို့သွားရောက် လေ့လာရာ အန္ဒိယရေတပ် မိသားစုဝင်ဇနီးများ သက်သာချောင်ချိရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် NWWA ကော်မတီအတွင်းရေးမှူးက လုပ်ငန်းတာဝန် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်ပြီး NWWA ကော်မတီမှ ဆောင်ရွက်နေသော မသန်မစွမ်းကလေးငယ်များ ပြုစုစောင့်ရှောက်ရေး ကျောင်းသို့ သွားရောက်လေ့လာ၍ လှူဒါန်းငွေများ ပေးအပ်သည်။ ၎င်းနောက်နေ့ ကလေးထိန်းကျောင်း၊ မိသားစုဝင် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ အတတ်ပညာသင်ကြားပေးရေး ဌာနနှင့် မိသားစုဝင်များအတွက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေသည့် ဈေးဝယ်စင်တာသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger