www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 18, 2017

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၂၅၁၉၅ ဧကစိုက်ပျိုးပြီးဖြစ်



မုံရွာ ၁၈-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ ဇူလိုင်လ ဒုတိယပတ်ထိ မိုးစပါး ၁၂၅၁၉၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုတွင် မိုးစပါး ၁၇၈၄၁၉၂ ဧက စိုက်ပျိုးရန်အတွက် လျာထားလျက်ရှိရာ ဇူလိုင်လဒုတိယပတ်ထိ ၁၂၅၁၉၅ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရန် အတွက်လည်း တိုင်းဒေသကြီး ၊ ခရိုင်၊ မြို့နယ်များမှ စိုက်ပျိုးရေး ဝန်ထမ်းများက တောင်သူများကို လိုအပ်သောစိုက်ပျိုးရေး အသိပညာဗဟုသုတများ၊ သွင်းအားစုပြည့်မီစွာ အသုံးပြုရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

''စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးရာသီမှာ မိုးစပါး ၁၇၈၄၁၉၂ ဧက စိုက်ပျိုးဖို့ လျာထားတယ်။ အဲဒီလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ဖို့ တောင်သူတွေကို စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းတွေက စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးစရိတ်တွေ အချိန်မီရရှိဖို့ ဆောင်ရွက်ပေးသွားမှာပါ'' ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုး ပြီးစီးမှုအဖြစ် စစ်ကိုင်းခရိုင်အတွင်းရှိမြို့နယ်သုံးခု တွင် ဧက၂၆၂ဝ၊ မုံရွာခရိုင်အတွင်း ရှိမြို့နယ်လေးခုတွင် ၆၁၈၆ဧက၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် ခြောက်ခုတွင် ၃၂၈၂၉ဧက၊ ကန့်ဘလူခရိုင် အတွင်းရှိမြို့နယ် နှစ်ခုတွင် ၇၉၄ဧက၊ ကသာခရိုင်အတွင်း ရှိမြို့နယ် ခုနစ်ခုတွင် ၂၆၆၂၇ဧက၊ ယင်းမာပင်ခရိုင် အတွင်းရှိမြို့နယ် လေးခုတွင် ၃၅၃၁၈ဧက၊ ကလေးခရိုင်အတွင်းရှိ မြို့နယ် သုံးခုတွင်၁၂၅၈၆ဧက၊ တမူးခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲသုံးခုတွင် ဧက ၁၆၃ဝ၊ မော်လိုက်ခရိုင်အတွင်း ရှိမြို့နယ် နှစ်ခုတွင် ဧက၄၂ဝ၊ ခန္တီး ခရိုင်အတွင်းရှိမြို့နယ် နှစ်ခုတွင် ၆၁၈၅ဧက စုစုပေါင်း ၁၂၅၁၉၅ ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger