www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 17, 2017

ဗန်းမော်မြို့တွင် နေအိမ်အတွင်း ဖဲရိုက်လောင်းကစား နေသူများကို ဖမ်းဆီးရမိ



ဗန်းမော် ၁၇-၇-၂၀၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲအုပ်စု ရိုးကြီးရပ် အမှတ် (ဟတ/၁၁၂၃)ရှိ နေအိမ်တွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဗန်းမော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် မျိုးမင်းဦးစီးတပ်ဖွဲ့ဝင်များသည် ဇူလိုင်၁၅ရက် ညနေ၃နာရီမိနစ် ၃ဝ က လောင်းကစား သတင်းအရ သက်သေများနှင့် အတူဗန်းမော်မြို့ ဟန်းတဲအုပ်စု ရိုးကြီးရပ် အမှတ် (ဟတ/၁၁၂၃) နေဒေါ်တင်နွဲ့ (ဘ) ဦးကျောက်လုံး၏ နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားရှာဖွေခွင့် ဝရမ်းအမှတ် (၂/၂ဝ၁၇) ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းတွင် ဖဲလောင်းကစား ပြုလုပ်နေကြသည့် ဒေါ်တင်နွဲ့၊ မဇာဇာ (ဘ) ဦးအောင်ကြိုင် ခွန်သာရပ်ကွက် ဗန်းမော်မြို့၊မစိုးသူ (ဘ) ဦးစိုးမောင် ရိုးကြီးရပ် ဟန်းတဲအုပ်စု ဗန်းမော်မြို့၊ မမိုးချစ် (ဘ) ဦးအောင်ဝင်း ရိုးကြီးရပ်ဟန်းတဲအုပ်စု ဗန်းမော်မြို့၊သာထူး(ဘ)ဦးတင်ထွန်း ရိုးကြီးရပ်၊ဟန်တဲအုပ်စု၊ ဗန်းမော်မြို့နေသူတို့ ငါးဦးဖဲလောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရသည်။

ထို့နောက် ဆက်လက်ရှာဖွေရာ ၎င်းတို့ငါးဦး ရှေ့အလယ်တွင် ဖဲလောင်းကစားရာ၌ အသုံးပြုသည့် ဖဲချပ် ၁ဝ၈ ချပ်၊ မြန်မာငွေကျပ် စုစုပေါင်းငွေကျပ် ၄၄၃ဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖဲလောင်းကစား ပြုလုပ်သူ တင်နွဲ့၊ ဇာဇာ၊ စိုးသူ၊ မိုးချစ်နှင့် သာထူးတို့ငါးဦးကို ဗန်းမော်မြို့မရဲ စခန်းက (ပ) ၁၉၉/၂ဝ၁၇၊လောင်း ကစားဥပဒေပုဒ်မ-၁၃ (က)/ ၁၄ (က)ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger