တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ်။
နေပြည်တော် ၄-၆-၂၀၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် တပ်မတော်အရာ ရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Hong Liang၊ စစ်သံမှူး Senior Colonel Xiong Shawei နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ဆူးလေစေတီတော်တို့အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment