www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 15, 2017

ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများ စမ်းသပ်အကောင်အထည် ဖော်ဆောင်ရွက်



တောင်ကြီး ၁၅-၆-၂၀၁၇

United Nilar Agribusiness Co.,Ltd.(UNA) ကုမ္ပဏီအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်စိုက်ပျိုးရေး ဌာနနှင့်ပူးပေါင်း၍ အင်းလေး ကန်ဒေသ၌ ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများကို ကနဦးအနေဖြင့် ဧက ၅ဝ တွင် စမ်းသပ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း UNA ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကျော်ထွန်းထံမှ သိရသည်။

ယခုအခါ အင်းလေးဒေသရှိ ခရမ်းချဉ်သီး စိုက်ခင်းများ၌ ဓာတုဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့် စားသုံးသူများ၏ ကျန်းမာရေးထိခိုက်မှု လျော့နည်းစေရန်နှင့် ဈေးကွက်အတွင်း ဈေးကောင်းရရှိစေရန် ယခုကဲ့သို့ GAP စိုက်ခင်းကို စတင်အကောင်အထည်ဖော် စိုက်ပျိုးရခြင်းဖြစ်သည်။

ယင်းကဲ့သို့ GAP စိုက်ခင်းများမှ ထွက်ရှိလာမည့် ခရမ်းချဉ်သီးများကို သာမန်အင်းလေး ခရမ်းချဉ်သီးများ၏ ပေါက်ဈေးထက် ငွေကျပ် ၂ဝဝဝ ဈေးပိုပေးပြီး ဝယ်ယူသွားမည့် ဈေးကွက်လည်း အရန်သင့်ရှိနေကြောင်း သိရသည်။

အဆိုပါ ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများကို အင်းလေးဒေသရှိ ကျေးရွာငါးရွာ၌ တစ်ရွာလျှင် ၁ဝ ဧကနှုန်းနှင့်ဧက ၅ဝ တွင် တောင်သူ ၅၄ ဦးဖြင့် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger