www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 6, 2017

မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ပမာဏများခြင်းကြောင့် ယခုနှစ် မီးရှို့ဖျက်ဆီးပွဲတွင် ယမန်နှစ်ထက်ပိုများ



ရန်ကုန် ၆-၆-၂၀၁၇

ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အဝေးပြေးကုန်တင်ယာဉ် ရပ်နားစခန်း၌ ကျင်းပမည်ဖြစ်ရာ ယခုနှစ်တွင် ယမန်နှစ်ထက်ဖျက်ဆီးမည့် မူးယစ်ဆေးဝါးပမာဏ ပိုများမည်ဖြစ်ကြောင်း သိရသည်။

''မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ ရန်ကုန်၊ပဲခူး၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့အပြင် ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တို့ ပါဝင်ပါတယ်။ တပ်ဖွဲ့အနေနဲ့ကတော့ အမြန်လမ်းနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေပါပါတယ်။ အဲဒီဌာနကိုးခုကနေ ဇွန် ၁ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးမှာ လက်ခံနေပါတယ်။ မူးယစ်ဆေးဝါးက မနှစ်ကထက်စာရင် ဒီနှစ်မီးရှို့ပွဲမှာ ပိုပြီးများမှာပါ။ ပမာဏများသလို အမှုအရေအတွက်လည်းများပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောသည်။

၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများမီးရှို့ ဖျက်ဆီးပွဲတွင် ဘိန်းဖြူ သုည ဒသမ ၄၉၅၇၁၂ ကီလို၊ စိတ်ကြွဆေးပြား ၄ ဒသမ ၁၂၂၇၂၆ သန်း၊ ဆေးခြောက် ၅၃ ဒသမ ၅၃ဝ၁၈၂ ကီလို၊ အိုက်စ် ၁၄၃ ဒသမ ဝ၂၄၃၃ ကီလို၊ တာမဒေါလ် ၁၁၁၆ တောင့်၊ Codeine ဆေးရည် သုည ဒသမ ၉၈ လီတာ၊CR အကိုက်အခဲဆေးတောင့် ၆၇ တောင့်၊ BPO ဆေးပြား ၅၅၉ ပြား၊Inter Drugs ဆေးတောင့် ၅၃ တောင့်၊ ဘိန်းစာမှုန့် ၂၁၃ ဒသမ ၆ဝ၁၆ ကီလို၊ စိတ်ငြိမ်ဆေး ၂၇ ပြား၊ ဒိုင်ယာဆီပင်ထိုးဆေး ၄၉၇၉၅ ပုလင်း၊ ဒိုင်ယာဆီပင်စားဆေး ၂၈ဝ၂ ကတ်၊ အပရာဇိုလမ်စားဆေး ၉၇၈ ကတ်၊ မော်ဖင်း ၁၄၆၇ ပုလင်း၊ ဘိန်းစာရည် ၉ဝ ဒသမ ၁၇ မီလီမီတာပါဝင်ကြောင်း သိရသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံတစ်ဝန်း ငွေကျပ် ၆၆ ဘီလီယံကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌ပင် ငွေကျပ် ၂၃ ဘီလီယံကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger