www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 6, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်များ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်


တပ်မတော်သားများက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပေါ်သို့ပြိုလဲကျနေသော သစ်ပင်သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းပေးစဉ်။

တပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းပေါ်သို့ ပြိုလဲကျနေသည့် သစ်ပင်သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းပေးစဉ်။

နေပြည်တော် ၆-၆-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၄ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များကြောင့် လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ဓာတ်တိုင်များနှင့် သစ်ပင်များပြိုလဲခြင်း၊ နေအိမ်သွပ်များလန်ခြင်း တို့ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားခဲ့သော လမ်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များသို့ ဇွန် ၄ ရက် ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းများ ဖယ်ရှားခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း များဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger