www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 9, 2017

ယခုနှစ်အတွင်း စတင်ဆောင်ရွက်မည့် မိုးရာသီအစီအစဉ်သည် လာမည့်နှစ်မှစ၍ အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဟုခန့်မှန်း



ရန်ကုန် ၉-၆-၂၀၁၇

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ပထမဆုံးစတင် ဆောင်ရွက်မည့် မိုးရာသီ Green Season အစီအစဉ်သည် လာမည့်နှစ်မှစ၍ အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း Green Season အစီအစဉ်၏ အလုပ်အမှုဆောင် ဦးကျော်မင်းထင်ထံမှ သိရသည်။

''Green Season အစီအစဉ်ကို ဒီနှစ်ကစပြီး လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းက ချက်ချင်းတိုးတက် လာမှာမဟုတ်ပါဘူး။ ဒီနှစ်လုပ်တယ်ဆိုရင် ၂ဝ၁၈ ခုနှစ်လောက်မှ ခရီးသွားဝင်ရောက်မှု တိုးလာမှာပါ'' ဟု ဦးကျော်မင်းထင်က ပြောသည်။

၁၉၉ဝ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အားနည်းနေသဖြင့် ယခုကဲ့သို့ Green Season အစီအစဉ်ကို လုပ်ဆောင်သွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ နှစ်စဉ်မိုးရာသီ ရောက်ပါက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှု နှုန်းကျဆင်းသွားပြီး ပြည်တွင်း ခရီးသွားနှုန်းလည်း လျော့ကျသဖြင့် ယခုနှစ်ဇွန်လမှစ၍ စက်တင်ဘာလအထိ လေးလသတ်မှတ်ကာ GreenSeason ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံးစတင် ဆောင်ရွက်မည့် မိုးရာသီ Green Season တွင် ခရီးစဉ်နှင့် ဟိုတယ်ဈေးနှုန်းများ လျှော့ချရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger