www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 12, 2017

ပြင်ဦးလွင်မြို့နယ်၌ သဘာဝလိုဏ်ဂူအသစ်တစ်ခု တွေ့ရှိ



ပြင်ဦးလွင် ၁၂-၆-၂၀၁၇

ပြင်ဦးလွင်မြို့နယ် အတွင်း၌ ပိတ်ချင်းမြောင်လိုဏ်ဂူနှင့် တူသော သဘာဝလိုဏ်ဂူ အသစ်တစ်ခုကို ယခုလ ပထမအပတ်အတွင်းက ဝက်ဝံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီး ပညာရှင် များဖြင့် စစ်တမ်းကောက်ယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါလိုဏ်ဂူသည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံတောင်ကျေးရွာ၊ ပိတ်ချင်းမြောင်တောင်ဘက် သုံးမိုင်အကွာတွင် တည်ရှိနေသည့် သဘာဝလိုဏ်ဂူကြီး တစ်ခုဖြစ်သည်။

၎င်းလိုဏ်ဂူသည် နှစ်ပေါင်းရာထောင်ချီခန့် ကတည်းကရှိနေသည့် လိုဏ်ဂူကြီးတစ်ခု ဖြစ်သည့်အပြင် လူအရောက်အပေါက်လည်း မရှိသည့်အတွက် လိုဏ်ဂူအတွင်း၌ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက် မိုးမျှော်များ အပြင်အခြား ကျန်ရှိသည့် ထူးခြားသော အစိတ်အပိုင်းများကို တွေ့မြင်ခဲ့ကြပြီး ထိုဂူကြီးအတွင်း၌ လေဝင်ပေါက်ကြီး တစ်ပေါက်ရှိနေသည့် အတွက် လေဝင်၊လေထွက် ကောင်းမွန်မှုရှိသောကြောင့် ပိတ်ချင်းမြောင်လိုဏ်ဂူ ကြီးကဲ့သို့ ခရီးသွားလုပ်ငန်းပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရန် ပထမအဆင့်အနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့တင်ပြမည့်အပြင် ထိုမှတစ်ဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြသွားမည် ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့်ခွင့်ပြုချက် ရရှိပါက ထိုသဘာဝလိုဏ်ဂူကြီးကို ပညာရှင်များဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီးဂူနှင့် ပတ်သက်သည့်ဂူ၏ အမြင့်ပေ၊ အကျယ်၊ ဂူ၏သမိုင်းကြောင်းက အစရှေးဟောင်း လက်ရာများ ရှိ၊ မရှိတို့ကိုလည်း ကျွမ်းကျင်သည့် ပညာရှင်များဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။

''ဒီလိုဏ်ဂူကြီးက ပိတ်ချင်းမြောင် လိုဏ်ဂူထက် ခန့်မှန်းတစ်ဆ ကျော်လောက်မြင့်တယ်။ ဒီလိုဏ်ဂူကြီးကိုသာ ပိတ်ချင်းမြောင်လို အကောင်အထည် ဖော်လိုက်မယ်ဆိုရင် ပြင်ဦးလွင်ြမို့မှာ လေ့လာစရာဂူတစ်ခု ထပ်တိုးမယ့်အပြင် ခရီးသွားလုပ်ငန်းတွေပါ ဖွံ့ဖြိုးတိုးတက် လာနိုင်ပါတယ်။ ဒီလိုဏ်ဂူကြီးကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ခွင့်ပေးရင် တော့ကောင်းပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ သဘာဝလိုဏ်ဂူကြီး အတွင်း၌ ရှေးဟောင်းဘုရား စေတီပုထိုးများကို တွေ့မြင်ခဲ့ခြင်း မရှိသော်လည်း သဘာဝအတိုင်းဖြစ်ပေါ် နေသည့်အရာများနှင့် မျိုးစိတ်များအနေဖြင့် လင်းနို့များကိုသာ တာဝန်ရှိသူများက တွေ့မြင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger