www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 6, 2017

ပခုက္ကူမြို့နယ် ကုက္ကိုလှဆိပ်ကမ်းတွင် ကမ္ဘာလှည့်ခရီးသည် ပို့ဆောင်သည့် စက်လှေများ အဆင်ပြေစွာဆိုက်ကပ်နိုင်ရန် ကူညီပံ့ပိုးမှုများလိုအပ်နေ



ပခုက္ကူ ၆-၆-၂၀၁၇

ကမ္ဘာလှည့်ခရီးသည်များ သယ်ယူပို့ဆောင်နေသော စက်လှေများသည် ပခက္ကူမြို့နယ် ကုက္ကိုလှဆိပ်ကမ်းသို့ ဆိုက်ကပ်လျက်ရှိရာ အဆိုပါဆိပ်ကမ်း၌ ယခုနှစ် ရေကြီးချိန်တွင် ကမ္ဘာလှည့်ခရီးသည်များ သယ်ယူပို့ဆောင်နေသည့် ရေယာဉ်များ အဆင်ပြေချောမွေ့စွာ ဆိုက်ကပ်နိုင်ရန်အတွက် ကူညီပံ့ပိုးမှုများ လိုအပ်နေကြောင်း ကုက္ကိုလှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပြ၍ သိရသည်။

ပခုက္ကူမြို့နယ် ကုက္ကိုလှဆိပ်ကမ်းမှ တစ်ဆင့် ပုဂံ-ညောင်ဦးဘက်သို့ သွားရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့်ခရီးသည်များကို ပုဂံ-ညောင်ဦးမြို့မှ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက စေလွှတ်သည့် စက်လှေများသည် အဆိုပါဆိပ်ကမ်းသို့ ဆိုက်ကပ်၍ သယ်ယူ ပို့ဆောင်လျက်ရှိသည်။

ထိုသို့ပို့ဆောင်ရာ၌ ကုက္ကိုလှဆိပ်ကမ်းသည် ရေနည်းချိန်ကာလ အတွင်းသာ ခရီးသည်များ အဆင်း၊ အတက်လွယ်ကူပြီး ရေများချိန် ကာလများတွင် အဆင်းအတက်မလွယ်ကူကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်ရေကြီးချိန် ကာလများတွင် ကမ္ဘာလှည့်ခရီးသည်များ အဆင်ပြေချောမွေ့စွာ အဆင်း၊ အတက် ပြုလုပ်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားဝန်ဆောင်မှု ပြုလုပ်ပေးနေသော ကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများ လိုအပ်နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger